*ကိုယ်တို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက အလွဲလွဲအမှားမှားတွေနဲ့စတင်ခဲ့ပေမဲ့ မင်းက ကိုယ့်အတွက် ကံကောင်းခြင်းမျိုးစုံကို ယူလာပေးခဲ့တာပါ....ကိုယ့်ဘဝထဲကို ဝင်လာခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်....*
ဒေါက်တာဆေးထိုးပေးသွားတဲ့အရှိန်နဲ့ နှစ်ခြိုက်စွာအိပ်ပျော်နေသော ရိပေါ်မျက်နှာလေးကို ငုံ့မိုးစိုက်ကြည့်ရင်း လက်ကလေးကိုခပ်ဖွဖွဆုပ်ထွေးမိကာ စိတ်ထဲကနေ ကျေးဇူးတင်စကားဆိူမိသည်။
ရိပေါ်ကိုကြည့်ရင်း ကလေးအဖေဖြစ်တော့မည့် ရှောင်းကျန့်တို့ပြုံးနေပုံများတကမ္ဘာလုံးကို အပိုင်စားရထားသည့်နှယ် မျက်နှာက ပီတိများဖြင့် ဝင်းပလျက်သာ။သူတင်မကသေး....ဘိုးဘိုးတွေကလဲ ပျော်ရွင်နေခဲ့ကြသည်။
"Baby...."
တအင်းအင်းတအဲအဲအသံပြုကာ မျက်ခွံလေးတွေ တလှုပ်လှုပ်ဖြစ်လာသော ရိပေါ်လေးကို ရှောင်းကျန့်ခေါ်လိုက်တော့မှ မျက်လုံးဖွင့်ကြည့်လာသည်။
"ဘယ်လိုနေသေးလဲ....သက်သာရဲ့လား...."
ငိုမဲ့မဲ့မျက်နှာလေးနဲ့သူ့ကိုကြည့်နေသော အသဲအသက်လေးကြောင့် ရှောင်းကျန့်စိုးရိမ်သွားရကာ မေးမိတော့
"ဦးလေးကြီး....."ဟုခေါ်ကာ လှဲနေရာမှ ထထိုင်ဖို့ ကြိုးစားသည့်ရိပေါ်ရဲ့ခန္ဓာကိုယ်လေးကို ပွေ့ထူပေးကာ
"အင်း ကိုယ်ရှိတယ်....ဖြေးဖြေးထ.....ခေါင်းမူးနေသေးလား....."
"ဟင့်အင်း....ဦးလေးကြီး လက်က....."
ခေါင်းလေးအသာယမ်းပြကာ ပတ်တီးဖြူဖြူတွေရှိနေသော ရှောင်းကျန့်လက်ကိုကြည့်နေသည်မို့
"ကိုယ်အဆင်ပြေပါတယ်.... baby...."
ရှောင်းကျန့်ခေါ်လိုက်တော့ မျက်လုံးဝိုင်းလေးတွေဖြင့် မော့ကြည့်လာသော ရိပေါ်ကြောင့် သူဘယ်ကစလို့ ဘယ်လိုပြောရမှန်းမသိ။ဖုံးကွယ်ထားလို့မရတဲ့အရာမို့ သူပြောလိုက်ရင် babyဘယ်လိုတုန့်ပြန်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားမိသည်။
"Baby....စိတ်ကိုအေးအေးထားပြီး ကိုယ်ပြောတာကို နားထောင်ပေးနော်.....babyမှာ ကိုယ့်တို့ကလေးလေးရှိနေပြီ....."