ရှန်ဟိုင်းကထွက်လာခဲ့ပြီးသည့်နောက် တရက်လေးမှ စိတ်အေးချမ်းနေရသည်မရှိခဲ့။သောကအပူတွေနဲ့သာ လုံးချာလည်နေခဲ့ရသည်။အခုတော့ ဖေဖေ့ရင်ခွင်ရိပ်ကို ပြန်မရတဲ့အပြင် တပူပေါ်တပူဆင့်လို့ ရှောင်းကျန့်နဲ့မှားယွင်းခဲ့သေးသည်။
တခါသက်ပြင်းချရင် တရက်အသက်တိုသတဲ့....ထိုစကားပူံသာအမှန်ဆိုရင် အခုလောက်ဆို ရိပေါ်ရဲ့သက်တမ်းတဝက်မက လျော့ပေါးနေလောက်ပြီထင်။စိတ်ထဲပင်ပန်းမွန်းကျပ်နေတာကြောင့် လသာဆောင်ဘက်ကို ထွက်လာခဲ့မိသည်။
"ရိပေါ်....."
လသာဆောင်မှာဒရင်းဘတ်ခင်းပြီး သက်တောင့်သက်သာလှဲနေသည့် ရှောင်းကျန့်။ ခြေသံကြားလိုက်ရပြီး ရှေ့ဆက်ရောက်မလာခဲ့သဖြင့် ဘယ်သူဆိုတာ သိနေတာကြောင့် လှည့်မကြည့်ဘဲ ခေါ်လိုက်သည်။
စိတ်ညစ်လို့ လာထိုင်ပါတယ်ဆို ဒီလူနဲ့မှတည့်တည့်တိုးရတယ်လို့....။ရိပေါ်မျက်နှာလေးက အမှောင်ထဲမှာပဲရှုံ့မဲ့သွားရသည်။ပြီးမှ ရှောင်းကျန့်နဲ့သေချာစကားပြောဖို့ စိတ်ကူးရသွားကာ သူ့နားထိလျှောက်လာလိုက်သည်။
"ရှောင်းကျန့်....ငါပြောထားတဲ့ကိစ္စ ဘယ်လိုလဲ....တရက်ပြီးတရက်အချိန်တွေသာကုန်လာတယ်နော်....အခုဆို တလပြည့်တော့မယ် ငါကဒီအတိုင်းပဲနေသွားရတော့မှာလား...."
သူ့အနားကိုရောက်ရောက်ချင်း ဝေ့ဝိုက်မနေတော့ဘဲ ရိပေါ်တန်းပြောလိုက်သည်။ရိပေါ်ကိုမော့ကြည့်လာသည့်ရှောင်းကျန့်က ခပ်လျောလျောလှဲနေရာမှ ခန္ဓာကိူယ်ကိုမတ်မတ်ပြန်ထိုင်ကာ
"မင်းပြောတာတွေက အများကြီးပဲ....ဘာကိုဆိုလိုချင်မှန်း ကိုယ်နားမလည်ဘူး...."
"အခုမှတုံးချင်ယောင်ဆောင်မနေနဲ့....ငါဘာပြောမှန်း ခင်ဗျားသိပါတယ်.....သေချာငိသွားအောင်ထပ်ပြောရရင် ငါတို့ကွာရှင်းဖို့ကိစ္စ...."
ရှောင်းကျန့်ဘေးမှာ ခုံအလွတ်တွေရှိပေမဲ့လဲ ဝင်မထိုင်သည့်ရိပေါ်က မတ်တပ်ရပ်လျက်သားကနေ မှုန်တေတေမျက်နှာလေးနဲ့ ပြောလိုက်တော့
"ဪ... ကွာရှင်းမပေးနိုင်ဘူးလို့ ကိုယ်ပြောပြီးသားပဲလေ.....အဲ့ဒါကလွဲပြီး မင်းကြိုက်တာပြောကွာ....မဖြစ်,ဖြစ်တဲ့နည်းနဲ့ ကိုယ်ရအောင် ဖန်တီးပေးမယ်...."
