"ပိုင်ရှင်း ဟေ့ ပိုင်ရှင်း.....ထမင်းစားခါနီးကို ဒီကောင်လေးဘယ်ရောက်နေလဲမသိဘူး...."
"ခေါ်မနေနဲ့....မင်းတူ မရှိဘူး....ဟိုအိမ်ဘက် သွားပြီ....."
အိမ်ထဲက စားပွဲခုံပုလေးမှာ အပါးနဲ့အတူထမင်းဟင်းခူးခပ် ပြင်ဆင်ပြီးထွက်လာသည့် ကျန်းချန်ရဲ့ တကြော်ကြော်ခေါ်နေမှုကြောင့် ရှောင်းကျန့်နောက်ကိုငဲ့ကြည့်လိုက်ရင်း ပြောလိုက်သည်။
"ဘာလို့သွားတာလဲ....သူ့အလုပ်ကပြီးပြီမဟုတ်ဘူးလား.....အလုပ်နားချိန်ကို ခေါ်ခိုင်းကြတုန်းလားဟ...."
"အလုပ်ထက်အရေးကြီးတဲ့ ကိစ္စသွားမလို့တဲ့...."
"ဘယ်လောက်အရေးကြီးတာမို့ ထမင်းမစားဘဲသွားရတာလဲ...."
အဖေတူသားလို့ မပြောရဘူး....ဦးလေးဖုန်းမြင့်နည်းတူ ထမင်းစားဖိူ့အတွင်တွင်ပြောနေသောကျန်းချန်ကို မျက်မှောင်ကြီးကျုံ့ကာကြည့်လာသည့် ရှောင်းကျန့်က
"တွေးမနေနဲ့တော့...မင်းတူက ခြံအနောက်မှာ သူ့ရည်းစားနဲ့သွားချိန်းနေတာ....ခနနေပြန်လာလိမ့်မယ်....."
"ရည်းစား....ဟုတ်လား ကျန့်...."
ကျန်းချန်မှာလူံးဝ အံ့ဩသွားရကာ မယူံကြည်နိူင်စွာ ထပ်မေးလိုက်မိသည်။သူထပ်မေးသလိူ ရှောင်းကျန့်ကလဲ ဟုတ်ကြောင်း ခေါင်းငြိမ့်လို့ ထောက်ခံသည်။ဒီကျန်းပိုင်ရှင်းဆိူတာလေးက ဘယ်အရွယ်မို့ ရည်းစားထားတက်သွားရသနည်း။
"ဟုတ်ပါ့မလား ကျန့်ရာ....ဒီကလေးက လူပုံက အူတူအတနဲ့ ရည်းစားကထားတက်သေးတယ်လား....."
"အော် ဟုတ်လို့ပဲ သွားတွေ့နေပြီလေ....မင်းမယူံရင်လိူက် ချောင်းကြည့်ရအောင်လား....အားချန် အားချန်....မင်းတူက မင်းထပ်အများကြီးစွံ့တယ်နော်...."
ရှောင်းကျန့်ရဲ့ရယ်ဟဟအပြောကြောင့် ကျန်းချန်မှာ ဆွေ့ဆွေ့ခုန်သွားရကာ ဒေါသတကြီးနဲ့
"မင်းကျတော့ရော.....အလုပ် အလုပ် အလုပ်နဲ့ ဘယ်မလဲ ရည်းစား....အတူတူချင်းကို တပြန်စီးပြောနေသေးတယ်....."
ပြောဆို၍ အိမ်ထဲသို့ပြန်ဝင်သွားသည့် ကျန်းချန်ကြောင့် ရှောင်းကျန့်မှာသဘောတကျရယ်လိုက်မိတော့သည်။
