Chapter 12

1K 70 0
                                    

မနက်ခင်းရဲ့ နေရောင်ခြည်နဲ့အတူ ကောင်းကင်တခွင်က ကြည်လင်ကာ ပြာစင်လို့နေပေသည်။သိူ့ပေမဲ့ သခင်ကြီးရှောင်းမော့ရန်ရဲ့ မျက်နှာတော်ကတော့ ဒေါသများနဲ့ပြည့်နှက်ကာ ခက်ထန်လို့နေ၏။

"တောက်....ဒါသက်သက်မဲ့ ငါ့ကိုစိန်ခေါ်တာပဲ.....အားကျန့်နဲ့သူ့ကောင်လေးက ဒင်းလက်ချက်နဲ့ ပျောက်နေတဲ့သဘောပေါ့ ဟုတ်လား အားချန်....."

"အဲ့လိုယူဆရပါတယ် ဒယ်ဒီ....ကျနော်တို့နဲ့ လမ်းမှာ အပစ်အခတ်ဖြစ်ခဲ့တာဆိုတော့ သူတို့လက်ချက်ဖြစ်နိုင်တယ်....."

ရှောင်းကျန့်တို့ကို တခေါက်ပြန်ရှာဖို့ အသွား...လမ်းတဝက်မှာတင် ဝမ်ရိုဟန်တို့နဲ့ ကျန်းချန်တို့ တွေ့ဆုံကာ ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။

"ဟာ ယူဆတာတွေ ထင်မြင်တာတွေ မလိုချင်ဘူး....သွား ငါ့သားကိုရအောင်ရှာ....ရှိသမျှလူအကုန်လိုက်သွားကြ....အေး ငါ့သားမပါခဲ့ရင် မင်းတို့လဲ အဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့....ပြန်လာဖို့စိတ်မကူးနဲ့ သွားကြ...သွား...."

နှစ်ရက်နဲ့တညလူံးလုံး ကာစီနိုမှာရှိနေခဲ့ကာ မော့ရန်ကိုယ်တ်ိုင်သွားခေါ်ခဲ့မှ အိမ်ပြန်ရောက်လာသော ရှဲ့ယွင်က အခုမှ အကြောင်းစုံသိရပြီး ဒေါသပုန်ထကာ ခပ်စူးစူးအော်တော့သည်။

"ပြီးတော့ ခင်ဗျား.....ပြောလိုက်ရင်ဖြင့် ဟို့လူပိုင်တယ် ဒီလူနဲ့ပြီးတယ်နဲ့....အခုကျနော့်သားပျောက်နေတာ ခင်ဗျား ဘာလုပ်ပေးမှာလဲ ပြော...."

ကျန်းချန်တို့ကို အော်နေရာမှ မော့ရန်ဘက်လှည့်သွားသည့် ရှဲ့ယွင်ကြောင့်

"စိတ်အေးအေးထားပါ ယွင်အာရယ်....ကိုယ်.."

"ဘာကိုစိတ်အေးရမှာလဲ.....ကိုယ်လဲမလိုချင်ဘူး ခေါင်းလဲမလိုချင်ဘူး.....သားကို လိုက်မရှာဘဲ ခင်ဗျားက အေးအေးဆေးဆေးနေနိုင် သေးတယ်နော်....ခင်ဗျားကအဖေအရင်းရော ဟုတ်ရဲ့လား ရှောင်းမော့ရန်....."

"မဟုတ်ဘူး...."

"ဘာ.... ဘာကိုမဟုတ်တာလဲ....ခင်ဗျား...."

မျက်မှောင်လေးတွန့်ချိုးကာ ခပ်စူးစူထအော်သည့်ရှဲ့ယွင်ပုံစံက နဲနဲလေးစကားမှားသွားတာနဲ့ မော့ရန်ကိုသတ်တော့မည်ဟန်။

ကျွန်တော့်ချစ်သူရွှေမင်းသားWhere stories live. Discover now