"စာထဲမှာဘာရေးထားလဲ ခင်ဗျားစာတက်တယ်မလား....ဖတ်ကြည့်လိုက်လေ...."
အလုပ်ကိစ္စနဲ့အပြင်သွားရင်း ဖုန်းပြောနေသော ကျန်းချန်ရဲ့စကားတွေကြောင့် ဘာလဲဟု အသံတိတ်မေးရင်း ရှောင်းကျန့်မျက်စပစ်ပြတော့ ကျန်းချန်ကလက်ကာပြကာ
"ခင်ဗျားကတော်တော်အကြောရှည်တဲ့လူပဲ....တကယ်လက်ထပ်ထားလို့ သတင်းစာထဲကြေငြာထည့်တာပေါ့ကွ....ဟေ့လူ နောက်တခါကျုပ်ဆီဖုန်းထပ်မဆက်နဲ့....ဧည့်ထောက်ခံပြောပေးရအောင်ထိ အားမနေဘူး...."
ဒေါနဲ့မောနဲ့ပြောကာ ဖုန်းချပစ်လိုက်သည့် ကျန်းချန်က တကယ်ကြီးစိတ်တိုနေသည်မို့ ရှောင်းကျန့်လဲစိတ်ဝင်စားသွားရပြီး
"ဘာဖြစ်တာလဲ....ဘယ်သူဆက်တာလဲ...."
"ဘယ်သူရှိရမှာလဲ မင်းယောက်ဖကြီးပေါ့....သတင်းစာထဲလက်ထပ်ပြီးစီးကြောင်း ကြေငြာပါလာတဲ့ကိစ္စမေးနေတာ...."
"ဪ....သူလဲ သူညီလေးကို စိတ်ပူလို့နေမှာပါကွာ...."
ရှောင်းကျန့်က သူနဲ့မဆိုင်သည့်နှယ် အေးအေးလူလူပြောပေမဲ့ မအေးနိုင်သည့်ကျန်းချန်ကတော့
"ငါလဲအစက အဲ့စာနာစိတ်လေးနဲ့ ကောင်းကောင်းမွန်မွန်ပြောပါသေးတယ်....လူကို တရားခံစစ်သလိူ ဖင်ကစစ်လိုက် ခေါင်းကစစ်လိုက်နဲ့လုပ်နေတာ.....အင်ဂျင်နီယာမလုပ်ဘဲ ရဲလုပ်ရမှာ...."
တရှူးရှူးတရှဲရှဲဒေါသများနဲ့ ကျန်းချန်မှာ စိတ်တိုမပြီးနိုင်။ပင်ကိုစိတ်ဆတ်သူမို့ ဒေါသဖြစ်လွယ်ပေမဲ့ ဒီတခါတော့ အတော်ကြီးစိတ်တိုနေဟန် မျက်နှာတခုလုံးရဲတွက်နေသည်။
"ဒီကြားထဲ ဖုန်းတဂွမ်ဂွမ်ဆက်ပြီး ဘာလုပ်နေလဲ စားပြီးပြီလားနဲ့ အရေမရအဖက်မရတွေလာလာပြောသေးတာ....အဲ့ဒါဟိုငနာလေး ပိုင်ရှင်းရှုပ်ထားတာ....မင်းယောက်ဖက အတော်အမြင်ကတ်စရာကောင်းတဲ့လူပဲ...."
"ဒါများ ဘာခက်တာမှတ်လို့.... မေးတော့လဲ ဖြေလိုက်ပေါ့ကွာ....မင်းတို့တူဝရီးစထားတဲ့ကိစ္စပဲ မဟုတ်ဘူးလား....အနွယ်ခံလိုက်ပေါ့...."
ရှောင်းကျန့်ပြောသလို သူတို့စထားတဲ့ဇာတ်လမ်းမှန်ပေမဲ့ ဒီလိုအခြေနေထိဖြစ်လိမ့်မည်ဟုမထင်ခဲ့ပါ။ချစ်သူရည်းစားအနေနဲ့ ရိပေါ်က ရှောင်းကျန့်အိမ်ကို လိုက်လည်ရင်း လမ်းမှာဝမ်ရိုဟန်တို့က တိုက်ခိုက်လို့ ဒုက္ခရောက်ကြတယ်....ရိပေါ်လဲသူ့အိမ်သူပြန်....နောက်လူကြီးတွေမေးလာခဲ့ရင် သဘောထားခြင်းမတိုက်ဆိုင်လို့ လမ်းခွဲကြတယ်ပေါ့....အဲ့ဒါဆို အကုန်အဆင်ပြေပြီ။