ညစာစားဖိူ့ ဟိုက်ဆန်းကို ထမင်းဝိုင်း,ပြင်ကူနေသောရိပေါ်နားသို့ ကျိရန်ကမယောင်မလည်နဲ့ရောက်လာကာ
"ယောက်ဖလေး....ညကျရင် clubမှာဒွန့်မလို့....လိုက်မလား....လိုက်ခဲ့ပါ ယောက်ဖလေးပါရင် ပိုပျော်စရာကောင်းမှာ....လိူက်ခဲ့နော်...."
နှစ်ကိုယ်ကြားရုံလေသံသဲ့သဲ့လေးဖြင့်ပြောကာ ဘေးဘီကိုကြည့်ရင်း ဇွတ်ခေါ်နေသောကျိရန်အား ရိပေါ်လှည့်ကြည့်လိုက်မိသည်။
"ဖြစ်ပါ့မလား....လူကြီးတွေသိသွားရင် မကောင်းဘူးထင်တယ်နော်...."ဟု ခပ်တိုးတိုးပြန်မေးမိသည်။အိမ်ရောက်တာမှ မကြာသေး....သူတို့သားကိုဖျက်စီးပါသည်ဟူ ရိပေါ်စွပ်စွဲမခံနိုင်ပါ။
"ဘာလို့မဖြစ်ရမှာလဲ.....ကိုကြီးဆူမှာမို့လို့လား....ပါပါးတယောက်လုံးပါနေတာပဲကို ဘာမှမဖြစ်ဘူး........ယောက်ဖလေးသာ ခေါင်းတချက်ငြိမ့်လိုက် ကျန်တာ ပါပါးကြည့်စီစဉ်သွားလိမ့်မယ်....လိုက်ခဲ့နော်...."
ပါပါးယွင်ပါသည်ဟုပြောသဖြင့် ရိပေါ်အံ့ဩသွားရသည်။လူငယ်ပီပီရိပေါ်လဲ clubဘာညာသွားချင်သည်။သို့ပေမဲ့ စည်းကမ်းကြီးကာ ရှေးရိုးစွဲဆန်သောဖေဖေ့ကြောင့် အိမ်မှာသာ နေအိမ်အကျယ်ချုပ်ဘဝနဲ့ ရှိခဲ့ရသည်။
"ပါပါးလိုက်မှာ ဟုတ်လား....အကိုရန်လေးက သူငယ်ချင်းတွေနဲ့ခိုးသွားမှာမဟုတ်ဘူးလား...."
တအံ့တဩနဲ့ မယုံနိုင်သလိုမေးနေသော ရိပေါ်ကြောင့် ကျိရန်ပြုံးကာ ခေါင်းယမ်းပြရင်း
"မဟုတ်ပါဘူး....ဒီညအိမ်မှာ ဒယ်ဒီတို့မရှိဘူး အလုပ်ကိစ္စနဲ့အပြင်သွားမှာ....အဲ့ဒါမို့ ပါပါးကမေးခိုင်းလိူက်တာ...."
နှစ်ယောက်သား တိူးတိုးကျိတ်ကျိတ်ပြောနေကြတုန်းမှာ မီးဖိူခန်းထဲရောက်လာသည့် ရှဲ့ယွင်က
"ပြောပြီးပြီလား ရန်လေး....ဘယ်လိုလဲ...."
ရိပေါ်ကိုမျက်စပစ်ပြီး မေးလာသည့် ပါပါးယွင်က ခေတ်ရှေ့ကို မိုင်၂၀၀လောက်ကြိုရောက်နေသည်။သားတွေနဲ့ရင်ဘောင်တန်းပြီး အလန်းလွန်နေသည်။ဖေဖေတို့နဲ့များကွာပါ့....။
"လိုက်မယ်....ဝမ်ဝမ်လိုက်မယ် ပါပါး...."
တသက်လုံး ဖေဖေရဲ့စာအုပ်ကြီးအတ်ူင်းနေခဲ့ရ၍ ရိပေါ်ချက်ချင်းခေါင်းငြိမ့်မိသည်။ထိုအခါမှ ပါပါးယွင်ရော အကိုရန်လေးပါ ကြေနပ်သွားကြသည်။
