ခြံဝန်းကျယ်ကြီးထဲမှာ ရောင်စုံမီးများနဲ့ ခမ်းနားလှပစွာပြင်ဆင်ထားသည့် မင်္ဂလာဧည့်ခံပွဲကြီး လွန်စွာမှစည်ကားသိုက်မြိုက်နေသည်။သို့ပေမဲ့ ရိပေါ်အမြင်မှာတော့ အိမ်မက်ထဲက ငရဲခန်းကြီးလိုဖြစ်နေသည်။
စိန်ရောင်ရွှေရောင်တဝင်းဝင်းနဲ့ဧည့်ပရိတ်သတ်တွေကြားမှာ ရှောင်းကျန့်လက်ကိုတွဲချိတ်လို့ ကိုယ်တခါမှမမြင်ဖူးသည့်လူတွေကိုပြုံးပြ၊ရယ်ပြနဲ့ လိုက်လံနှုတ်ဆက်နေရတာကြီးက အတော်စိတ်ပျက်ဖို့ကောင်းသည်။
အချိန်တခနလေးအတွင်းမှာ ပြင်ဆင်ခဲ့ရပေမဲ့ ပါပါးယွင်ရဲ့စီစဉ်တက်မှုကြောင့် ဘယ်နေရာမှ လိုအပ်သည်မရှိဘဲ ပြည့်စူံနေသောမင်္ဂလာပွဲက ခြိမ့်ခြိမ့်သဲစည်ကားပေမဲ့ ဒီခမ်းနားထည်ဝါမှုတွေက ရိပေါ်နဲ့ဘာမှမသက်ဆိုင်သည့်အရာတွေပဲဖြစ်သည်။
တကယ့်စိတ်ရင်းနဲ့ဖြစ်စေ၊အပေါ်ယံသကာဆမ်းစကားတွေပဲဖြစ်ပါစေ....ချောလိုက်တာ၊လိုက်ဖက်လိုက်တာဟု လာရောက်ဂုဏ်ပြုသူတွေထံမှ ချီးမွှမ်းသံတွေတခါကြားရတိုင်း ကိုယ့်ကိုကိုယ်ရှက်ရွံ့သိမ်ငယ်မိသည်။ဖြစ်နိုင်ရင် လှောင်အိမ်မှလွတ်သည့် ငှက်ငယ်လေးများလိူ ဒီနေရာကြီးကနေ လွတ်လပ်စွာပျံသန်းလို့ ထွက်သွားချင်မိသည်။
အခုချိန်အန်ကယ်လ်သာ ရောက်လာခဲ့ရင်ရော....ဒါမှမဟုတ် တယောက်ယောက်များ ဝမ်ရိပေါ်က ဝမ်ရိုဟန်ရဲ့တူပါဆိုပြီးပြောလိုက်လျှင် ရိပေါ်ဘယ်လိုရင်ဆိုင်ရမည်နည်း။ဟန်ဆောင်နေရသည့်စိတ်ကမလုံခြုံ...ပြုံးရယ်နေရပေမဲ့ အသက်မဝင်တာ ကိုယ်တိုင်သာအသိဆုံးဖြစ်၏။ရိပေါ်နဲ့ခြားနားစွာ ရှောင်းကျန့်ကတော့ ဝမ်းသာပီတိများနဲ့ ပြုံးပျော်မဆုံးလုပ်ပြနေသည်။
"Mr.Seanတို့များနော် တသက်လုံးလူပျိုကြီးလုပ်မှာလိုလိုနဲ့ ဒီလောက်ချောတဲ့သတိုးသားလေးကို ဖွက်ထားတာ တော်ချက်ရှင်...."
လှပစွာပြင်ဆင်ခြယ်သထားသည့် အမျိုးသမီးတသိုက်ရဲ့ စကားသံကြောင့် ရိပေါ်ရဲ့အတွေးစလေးများက ပြတ်တောက်သွားရသည်။
"ဒါကတော့ဗျာ တန်ဖိူးရှိတဲ့အရာတွေဆိုတာ ဖုံးကွယ်နေတက်တာက သဘာဝပဲမလား....ကျနော်လဲ ကျနော်ရဲ့အဖိုးတန်လေးကို သေချာသိမ်းထုတ်ထားရတာပေါ့....ဟုတ်တယ်မလား baby...."
