"Babyကွာ....စကားတခွန်းထပ်တလဲလဲပြောရတာမကြိုက်ဘူး....ကျန်တာသာ အလိုလိုက်မယ်....ဒါတော့မဖြစ်နိုင်ဘူး...."
ရှောင်းကျန့်သွားရာနောက်သို့ တကောက်ကောက်လိုက်ပြီး ဝမ်ချောင်ကိုသွားတွေ့ချင်ပါသည်ဆိုသော ရိပေါ်က တဇွတ်ထိုးပူဆာနေသဖြင့် ရှောင်းကျန့်သက်ပြင်းဖွဖွချရင်း ပြောနေမိသည်။
"ဟာ ဦးလေးကြီးကလဲ....အဲ့ဒါဆို လူကိုယ်တိုင်မသွားရရင် ဖုန်းဆက်မယ်...."
"မဆက်ရဘူး....babyကအေးဆေးလေးပဲ နေပါ....ကိုယ့်ကြည့်ပြီး အဆင်ပြေအောင်လုပ်သွားမယ်.....ဘာလို့အန္တရာယ်တောထဲကို ဇွတ်တိုးချင်နေရတာလဲကွာ....."
ဒယ်ဒီတို့ပါပါးတို့ကလဲ ဦးလေးကြီးနည်းတူ လုံးဝခွင့်မပြု။ကူညီချင်ကြောင်းရိပေါ်ပြောလွန်းမက ပြောနေ၍ နားညည်းလာသည်ထင်....
"ဒီကိစ္စနဲ့ပတ်သတ်ပြီး ဒယ်ဒီဘာမှမပြောချင်ဘူး ဝမ်ကျယ်.....မင်းအနေနဲ့ ဒယ်ဒီတို့အပေါ်မှာ သိတက်တယ်ဆိုတဲ့စိတ်နဲ့တင် ကြေနပ်ပြီ.....မင်းရဲ့သက်ဆိုင်သူဖြစ်တဲ့ အားကျန့်ခွင့်ပြုရင် လုပ်ပေါ့....."ဟု ဆိုပြီး ဒယ်ဒီက ပြောလိုက်သဖြင့် ရှောင်းကျန့်ခေါင်းပုံလာပြီ။ဒီဟာလေးက တဇွတ်ထိုးလုပ်တက်လွန်းလို့ ရှောင်းကျန့်အနေနဲ့ ဘယ်လိုမှစိတ်မချနိုင်ပါ။
ပြောချင်လွန်းလို့ ရှောင်းကျန့် ရေချိုးပြီးသည်ထိ ရိပေါ်မအိပ်သေးဘဲ သေချာစောင့်နေမိသည်။ခါးမှာတဘတ်တထည်သာပတ်ထားပြီး အဝတ်စားဝတ်နေသော ရှောင်းကျန့်ခါးကို အနောက်ကနေဖက်ထားကာ ရေစက်တွေတင်ကျန်နေသော ကျောပြင်ကျယ်ကြီးကို မျက်နှာအပ်လို့
"အန္တရာယ်တောမှန်းသိသိနဲ့ ဦးလေးကြီးနောက်ကို ငါလိုက်လာခဲ့ပြီးပြီလေ.....ယုံကြည်ရမယ်ထင်တဲ့သူတွေက မယုံရမှန်းသိပြီးတဲ့နောက် ဦးလေးကြီးကို ငါမျက်စိမှိတ်ယုံကြည်ခဲ့တာ....အခုထိ မမှားသေးဘူးဆိုတာ ငါသိတယ်....."
ဂျစ်တူးလေးက ဤကဲ့သို့လဲ ချွဲတက်သေးသည်။အသံတိုးတိုးလေးနဲ့ ပြောနေသော ရိပေါ်ကြောင့် အင်္ကျီဝတ်နေရင်းမှ ပြုံးမိကာ သူ့ခါးထပ်မှ နွေးနွေးအိအိလက်ကလေးတွေကို အုပ်ကိုင်ထားမိသည်။