"ဝမ်ကျယ်...."
"ဗျာ...."
Breakfastစားနေကြရင်းမှ ငေးတိငေးငိုင်နဲ့ ရှိနေသော ရိပေါ်ကို မော့ရန်ကခေါ်လိုက်၍ ပြာတိပြာယာဖြင့် ထူးလာသလို အံ့ဩမှုအတိုင်းသားနဲ့ ပြန်ကြည့်နေသည်။
"အံ့ဩသွားတာလား......မနေ့က အကိုကျန်းနဲ့ ဖုန်းပြောဖြစ်တယ်လေ...မင်းအိမ်က အဲ့လိုခေါ်ကြတာမလား....ဒါနဲ့ မင်းအဖေက အတော်စိတ်ဆိုးနေတယ်ဆ်ုပဲ....အကိုကျန်း ပြောတဲ့ပုံအတိုင်းဆို ခမည်းခမက်နဲ့တွေ့ရဖို့က ခက်ခဲဦးမယ်ထင်တယ်....."
ရိပေါ်ကတော့ မော့ရန်ရဲ့စကားတွေကို မျက်နှာလေးမသာမယာနဲ့သာ ခေါင်းငြိမ့်ပြမိသည်။ဝမ်ကျယ်ဟုခေါ်သံကြား၍ ဖေဖေ့ကိုပိုတမ်းတမိကာ ငိုချင်လာရသည်။
မော့ရန်ရဲ့ဆိုလိုရင်းအဓိပ္ပါယ်ကို ရှောင်းကျန့်ကောင်းကောင်းကြီး နားလည်သည်။ဘယ်သူကိုမှ အလွယ်မယုံတက်သော ဒယ်ဒီက ရိပေါ်နောက်ကြောင်းကို သူစုံစမ်းထားပြီးကြောင်း တဖက်လှည့်နဲ့ အသိပေးလိူက်ခြင်းဖြစ်သည်။
"ဝမ်ကျယ်က အားကျန့်ကို တကယ်ချစ်တာလား...."
ထပ်ဆင့်မေးခွန်းထုတ်နေသော မော့ရန်ကြောင့် ရှောင်းကျန့်ကို တချက်ကြည့်လိုက်တော့ မသိမသာမျက်ရိပ်ပြနေသည်မို့
"ဟုတ်...."
"တယောက်ကိုတယောက် တကယ်မေတ္တာရှိတယ် ချစ်ကြတယ်ဆိုရင် ဒယ်ဒီအနေနဲ့ကန့်ကွက်စရာမရှိပါဘူး....အဲ့လိုမဟုတ်ဘဲ တခြားအကြောင်းတခုခုကြောင့်နဲ့...."
ဒယ်ဒီက စကားကိုရှေ့မဆက်ဘဲ သူတို့မျက်နှာအမူအရာတွေကို ကြည့်ပြီးအကဲခတ်နေသည်။ဒယ်ဒီကလှည့်ပတ်ပြီး မေးနေ၍ ရိပေါ်စကားမှားသွားမှာစိုးရိမ်ပြီး ရှောင်းကျန့်က ကြားဝင်ဖြေလိုက်ရသည်။
"မဟုတ်ပါဘူး ဒယ်ဒီ....ကျနော်တို့က တကယ်ချစ်ကြတာပါ...."
မော့ရန်ရဲ့စကားတွေကြောင့် ကလေးတွေမျက်နှာမကောင်းတာ ရှဲ့ယွင်သိပေမဲ့ ကိုယ်က နေရာတကာ ဆရာကြီးလူပ်ပြီး မပြောနဲ့မဆိုနဲ့ဟု တားဆီးဖို့ရာကြတော့ အဆင်မပြေ။သူလဲ အဖေတယောက်မို့ သားသမီးနဲ့ပတ်သတ်၍ ပြောဆိုခွင့်အပြည့်အဝရှိသည်။ထို့ကြောင့် ရှဲ့ယွင်နားထောင်သူသက်သက်သာလုပ်နေလိုက်မိသည်။