"ဟေ့ ရှင်းမယ်...."
ညနေခင်းအချိန် စားသုံးသူသိပ်မရှိတဲ့ဆိုင်လေးမို့ ရှောင်းကျန့်လှမ်းခေါ်လိုက်တာနဲ့ စားပွဲထိုးလေးက ချက်ချင်းအနားရောက်လာပြီး တွက်ချက်ပေးကာ
"၂သောင်းကျပါတယ် အကို....."
ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်ရင်း ပိုက်ဆံအိတ်ကို ထုတ်ယူလိုက်တော့
"ရတယ် ရတယ်....ငါစားတာ ငါရှင်းမယ်.....ပေးစရာမလိုဘူး...."
အအေးသောက်ရင်း လက်ကလေးခါပြပြီးပြောလာသည့် ရိပေါ်ကြောင့် ရှောင်းကျန့်လှမ်းကြည့်လိုက်တော့ သူ့ပင်ကိူမူအတိုင်း မျက်နှာလေးက ခပ်တည်တည်။
"ရပါတယ်....ကျုပ်ပဲပေးလိုက်ပါ့မယ်...."
"မလိုဘူးလို့ပြောနေတယ်မလား.....ခင်ဗျားဆီမှာကျေးဇူးတင်မခံနိုင်ဘူး....ကိုယ့်ဘာသာရှင်းနိုင်တယ်....."
ဒီလောက်ပိုက်ဆံလေးကို သူရှင်းမယ်ငါရှင်းမယ်လုပ်နေသည့်နှစ်ယောက်ကြောင့် လင်းယန်နဲ့စားပွဲထိုးကောင်လေးမှာ အူလည်လည်ကြည့်နေရသည်။
"ကောင်းပြီလေ....မင်းသိပ်ပေးချင်နေရင် ကျုပ်တို့အတွက်ပါ ပေးလိူက်လေ.....ယူတက်ရင် ကုသိူလ်ရတာပေါ့...."
"ကုသိုလ်တွေက ငါ့မှာများနေလို့ sorryပဲ...."
ရှောင်းကျန့်ကို နှုတ်ခမ်းလေးတွန့်ကွေးရုံပြုံးပြလို့ ပြောလိုက်သည့်ရိပေါ်က
"ရော့ ကောင်လေး....ခေါက်ဆွဲတပွဲနဲ့အအေးဖိုး....ပြန်မအမ်းနဲ့...."
ခပ်တည်တည်ပင် ပိုက်ဆံထုတ်ပေးကာ အပြတ်ချေမိုးပစ်လိုက်သည်။ဟုတ်တယ်လေ....လူကိုတရားခံဖမ်းသလို လက်ပြန်ကြိုးမတုတ်ရုံတမယ်ဖမ်းခေါ်လာခဲ့ပြီးမှ ခေါက်ဆွဲလေးတပွဲဝယ်ကြွေးရုံနဲ့ ဒီကကျေးဇူးတင်ရမှာလား ဝေးပါသေးသည်။
ရွှေမင်းသားရဲ့အပြုအမူတွေကြောင့် ရှောင်းကျန့်မှာတလိမ့်လိမ့်နဲ့ အူယားနေမိသည်။ဘေးကရယ်ချင်ပက်ကျိမျက်နှာဘေးနဲ့လင်းယန်ကို တချက်စောင်းကြည့်လိုက်ရင်း ပိုက်ဆံရှင်းပေးလိုက်သည်။
ဘာမထီရုပ်လေးနဲ့ဒီဖြူဥဥမုန်လာဥလေးကို ချက်စားလိုက်ရင်ကောင်းမလား....ဒါမှမဟုတ် အစိမ်းလိုက်ပဲဝါးစားလိုက်ရမလား။ ရှောင်းကျန့်မှာတော်တော်ကို မခံချိမခံသာဖြစ်နေရသည်။ ရှေ့ဆက်သွားရမဲ့ ခရီးကဝေးသေးသည်မို့ ကိုယ်ကတော့ စေတနာနဲ့ သူဗိုက်ဆာမည်ဆိုး၍ ဆိုင်တဆိူင်မှာ ဝင်ရပ်ခိုင်းခဲ့ပေမဲ့ ရွှေမင်းသားရဲ့အပြုအမူများက စိတ်တိုချင်စရာ။
