Chapter 36

1.6K 110 69
                                    

"ဝမ်ကျယ်...."

ဂိတ်ကိုဖြတ်ပြီး ထွက်လာသည့် လူအုပ်ကြီးထဲမှာ လာကြိုမဲ့ အကိုဖြစ်သူကိုဟိူဟိုဒီဒီရှာနေရင်းမှ ခေါ်သံထွက်လာတာမို့ လှည့်ကြည့်လိုက်တော့ လက်ပြနေသည့် ဟိုက်ခွမ်းကိုတွေ့လိုက်ရသဖြင့်  ရှောင်းကျန့်လက်ကိူတွဲထားရာမှ လွတ်လိုက်ရင်း

"ကိုကိုကြီး.....အဟင့်...."

"ဝမ်ကျယ်လေး....."

အကိုဖြစ်သူကိုမြင်လိုက်ရမှ အရှိန်နဲ့ပြေးဖက်ကာရင်ခွင်ထဲ ခေါင်းတိုးဝင်လို့ အင့်ခနဲရှ်ိုက်လိုက်သည့်အသံလေးကြောင့်

"မငိုရဘူးလေ.....ဖေဖေအိမ်မှာ စောင့်နေတယ်....ဖေဖေ့ဆီသွားကြရအောင်...."

ပုခုံးပေါ်ခေါင်းလေးမှောက်တင်ထားကာ သူ့ခါးကိုအတင်းဖက်ထားသည့် ညီငယ်လေးရဲ့ ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးနေမိသည်။ ချော့မော့ပြောရင်းမှ သူတို့ညီအကို,ကို ပြုံးပြီးကြည့်နေသော အနောက်ကရှောင်းမိသားစုကိုလဲ ဟိုက်ခွမ်းပြုံးပြလိုက်သည်။

"ဖေဖေနေကောင်းရဲ့လား.....ဝမ်ဝမ့်ကိုရော အရမ်းစိတ်ဆိုးနေတာလားဟင် ကိုကိုကြီး....အငယ်လေးရော....."

တလမ်းလုံးအကိုရဲ့လက်မောင်းကိုတွဲချိတ်ကာ စကားတွေများနေသည့်ရိပေါ်က မဝင့်မရဲဟန်လေးနဲ့ မေးနေတော့

"နေကောင်းပါ့ဗျာ....အစကတော့ စိတ်ဆိုးတာပေါ့....အခုတော့ သူ့သားနဲ့တွေ့ရဖို့ကို အရမ်းစိတ်လောကြီးပြီး မနက်ထဲက လေဆိပ်ကိုသွားကြိုခိုင်းနေလေရဲ့...."

ခမည်းခမက်ဧည့်သည်တွေအတွက်ကားတံခါးကိုဖွင့်ပေးရင်း

"ကြွပါ အန်ကယ်လ်တို့.....ယောက်ဖ အနောက်ခန်းမှာ အန်ကယ်လ်တို့နဲ့အတူထိုင်လိုက်နော်....ဒီအရှုပ်လေးက မေးစရာပြောစရာတွေကုန်မှာမဟုတ်သေးဘူး....."

ညီငယ်လေးရဲ့ခေါင်းကိူလှုပ်ရမ်းရင်း ချစ်စနိုးအမူအရာနဲ့ ဟိုက်ခွမ်းက ရှောင်းကျန့်ကိုကြည့်ပြီး ပြောလာသည်။

"ရပါတယ် ယောက်ဖရဲ့....အဆင်ပြေပါတယ်....."

သားယောက်ဖနှစ်ယောက်ကတော့ အခုမှတွေ့ဖူးပေမဲ့ ‌အစိမ်းသက်သက်မဖြစ်ဘဲ တယောက်ကိုတယောက် လေးလေးစားစားနဲ့ အပြန်အလှန်ခေါ်ပြောနေကြသဖြင့် မော့ရန်နဲ့ရှဲ့ယွင်တို့ ကြေနပ်သွားရသည်။

ကျွန်တော့်ချစ်သူရွှေမင်းသားWhere stories live. Discover now