ရေတစက်.....။
သာမန်အခြေနေမှာ ရေလေးတစက်တပေါက်က ဘယ်လိုအန္တရာယ်ရှိမှာလဲ....သိူ့ပေမဲ့ ဦးခေါင်းငယ်ထိပ်တည့်တည့်ကို ချိန်ရွယ်ကာ ရေတစက်ချင်းတပေါက်ချင်းကျနေပြီး အချိန်ကြာလာတဲ့အခါမှာတော့ ဦးရေပြားတခုလုံး စူးရှကျင်ခဲလာရကာ ရေတစက်ကျမည့်အရေးကို သေမတက်စိုးရိမ်ကြီးစွာဖြစ်နေရသည်။
ဝမ်ချောင်မျက်နှာတည့်တည့်မှာ ထင်းလင်းစူးရှနေအောင်ထွန်းထားသည့် မီးဆလိုက်ကြောင့် မျက်လုံးတွေကလဲ ဘာမှမမြင်နိုင်တော့အောင်ထိ ပြာနေပြီ။တဝီဝီလည်နေတဲ့ ပန်ကာလေရဲ့ အေးစက်မှုက အရိုးထဲအသားထဲထိတိုင် ခိုက်ခိုက်တုန်အောင်ချမ်းစေသည်။
"ပြောတော့မလား....."
ဘယ်သူဘယ်အဝါရဲ့အသံဆိုတာမခွဲခြားနိုင်တော့သလို သူ့အနီးနားကပဲလာသလား ခပ်ဝေးဝေးကပဲပြောနေသလားဆိုတာ ဝမ်ချောင်မခန့်မှန်းနိုင်တော့ပါ။ရှောင်းမော့ရန်ပြောတဲ့ အသိတရားဆိူတာကြီးကို နှစ်ရက်နဲ့တညတိတိ ငရဲခန်းမှာဖြတ်ကျော်ခဲ့ပြီးနောက် ဝမ်ချောင်ကောင်းကောင်းကြီးသဘောပေါက်နားလည်ခဲ့သည်။
"ယူံအန်းရွာစွန်က အိမ်ဟောင်းကြီးမှာ....."
၂ရက်ဆိုတာ အချိန်အားဖြင့်မကြာပေမဲ့ နာရီမခြား စိတ်ထောင်းကိုယ်ကြေဖြစ်အောင်ထိ နှိပ်စက်ညှင်းပန်းခံနေရတာမို့ ဆက်သည်းမခံနိုင်သည့်နောက်ဆုံးမှာတော့ တုန်ယင်ဖျော့တော့သောအသံဖြင့် ဝမ်ချောင်ဖွင့်ပြောလိုက်မိသည်။
"အစောထဲက အဲ့လိုလိမ်မာလိုက်ရင် ပြီးနေတာကို.....ဟောက်ရွှမ်း သခင်ကြီးကိုသတင်းပို့လိုက်တော့....."
"အေး အားချန်...."
စစ်ရေးတာဝန်ကိုယူထားသောကျန်းချန်က ဝမ်ချောင်နဲ့မျက်နှာချင်းမှာ ထိုင်နေပြီး သူ့ဘေးမှာရှိသည့် ဟောက်ရွှမ်းကို လှည့်ကြည့်ရင်း ပြောလိုက်တော့ ခေါင်းညိတ်ပြကာ အပြင်ကိုထွက်သွားသည်။ကျန်နေသော အစောင့်တွေကို လှည့်ကြည့်ရင်း
"ရပြီ....ဒီကောင်ကို ခနအနားယူဖို့ စီစဉ်ပေးလိုက်ဦး....."ဟု ကျန်းချန်အမိန့်ပေးလိုက်မှ လက်မရွံ့အစောင့်တွေကို ဝမ်ချောင်ခေါင်းပေါ်မှ ရေအိတ်ကို ဖောက်သူကဖောက်....ခြေထောက်နဲ့လက်တွေက်ို ခုံနဲ့တွဲချည်ထားသည့် ကြိုးဖြေသူကဖြေနဲ့ တခနအတွင်းအလုပ်ရှုပ်ကုန်ကြသည်။