ဦးလေးမင်ကြွယ်က ဆေးမြစ်တွေတူးပြီး စုဆောင်းထားကာ များများရမှ ကွေ့ကျိုးကိုသွားရောင်းလေ့ရှိသည်။အခုလဲ ဈေးရောင်းသွားရင်းနဲ့ ရှောင်းကျန့်တို့အိမ်ကို ဝင်ပြောခဲ့မည်ဟုဆ်ုသဖြင့် ရှောင်းအိမ်ကလာကြိုမည်ကို စောင့်နေကြသည်။
သူဒီမှာနေရစဉ် ဦးလေးမင်ကြွယ်ရဲ့အဝတ်စားတွေကိုသာ ယူဝတ်ရသည်မို့ သေချာလျှော်ဖွတ်ထားပြီးသားအင်္ကျီများကိူ အစီအရီခေါက်သိမ်းရင်း အိမ်ထဲမှာရှိနေကာ ရှောင်းကျန့်ကတော့ အပြင်မှာထိုင်နေသည်။
ရောက်လာတုန်းကလဲ အဝတ်တထည်ကိုယ်တခုနဲ့ဖြစ်သလို ပြန်ရတော့လဲ ထိုအတိုင်းပင်။ကုတ်အင်္ကျီရှည်ကတော့ ကားပေါ်ကခုန်ဆင်းခဲ့ကျတုန်းက သစ်ကိုင်းတွေနဲ့ခြစ်မိထားသဖြင့် အစုတ်အပြဲဖြစ်သွားပြီ....hoodieလေးကလဲ ရှောင်းကျန့်လက်ကိုစည်းပေးထားခဲ့တာကြောင့် သွေးကွက်တွေ ပရပွနဲ့မို့ ဝတ်မရတော့၍ အကောင်းတိုင်းရှိသောရှပ်လက်ရှည်လေးသာ ဝတ်ထားလိုက်သည်။
စောင့်မျှော်နေတုန်းမှာပင် ကားသံကြားလိုက်ရတာမို့ ရိပေါ်မှာ လှုပ်လှုပ်ရှားရှားဖြစ်သွားရ၏။စက်သံရပ်သွားကာ ကားတံခါးဖွင့်တဲ့အသံတွေကြားရပြီးနောက်
"ကျန့်...." "အကို...."
"အားချန်....ဟောက်ရွှမ်း...."
ဟိုအားချန်နဲ့ မျက်ခုံးကောင်းကောင်းဖြင့် ခပ်မိုက်မိုက်လူတို့ နှစ်ယောက်ပဲ လာကြိုသည်ထင်။
"ကျန့်ရာ မသေကောင်းမပျောက်ကောင်းကွာ....ငါတို့မှာ တအားစိတ်ပူနေခဲ့ရတာ...."
"ဟုတ်တယ် အကို....ပါပါးယွင်ဆို မစားနိုင်မသောက်နိုင်ဘဲ....အခုလဲ အကိုကြီးလာပြောပြောချင်း သူပါလိုက်မယ်လုပ်နေလို့ သခင်ကြီးက မနဲတားရတယ်....."
"အေးကွာ ငါ့ကြောင့်နဲ့ အကုန်စိတ်ဒုက္ခရောက်ရပြီ.....တောက် ငါအသုံးမကျလို့ ငါ့ညံ့လို့ ဝမ်ရိုဟန်ယူတ်မာတာ ခံလိုက်ရတာ...."
အိမ်ထဲကနေ သူတို့အလွမ်းသည်နေသမျှကို နားထောင်နေသောရိပေါ်ကတော့ မျက်နှာလေးမဲ့ပစ်လိုက်ရင်း
"အခုမှ ကိုယ့်ကိုကိုယ်အသူံးမကျမှန်းသိတာလား.....အစောကြီးထဲက သိသင့်တာ..."ဟု တိုးတိုးလေးရေရွတ်လိုက်မိသည်။
