Unicode
" ကိုယ်မင်းအတွက် ဆန်ပြုတ်ပြုတ်လာခဲ့တယ် .. "
အာဏာ စားပွဲပေါ်မှာတင်ထားသည့် ဆန်ပြုတ်ပန်းကန်အားလှမ်းယူလိုက်၏။
ရှင်းခက ထိုဆန်ပြုတ်ပန်းကန်ကို စိတ်ဝင်တစား လှမ်း၍ကြည့်သည် ။ အပေါ်မှာ ဟိုသည် နည်းနည်းပုံပျက်နေသော ပုစွန်ခြောက်ကလေးများကိုတွေ့ရသည်။
" စီအီးအို ပုစွန်ခြောက်တွေက .. "
ရှင်းခ ပြောမှ အာဏာသတိထားမိ၏။
အသဲပုံပုံစံဖော်ထားသည်ကား ပုံပျက်နေချေပြီ ။ ကြည့်ရတာ လမ်းလျှောက်လာတာကြောင့်ရော ၊ စားပွဲပေါ်ချလိုက်တုန်းက လှုပ်ရှားမိသွားတာကြောင့် နည်းနည်းပုံစံပျက်သွားတာဖြစ်မည် ။အာဏာ အမြန်ပဲဇွန်းနဲ့ပြန်ပြင်လိုက်၏။ ဇွန်းနဲ့ တစ်ခုချင်းဆီပြန်ခပ်ကာ အသဲပုံဖြစ်အောင်ပြန်လုပ်ရခြင်းသည် လွယ်မည့်ပုံပေါ်သော်လည်း သူ့အတွက်တော့ခက်သည် ၊ အင်အားမသုံးရသော်လည်း အာရုံစိုက်ရသောကြောင့် ချွေးစေးတွေပါထွက်လာ၏။
" စီအီးအို ဘာတွေလုပ်နေတာလဲဗျ .. "
" အသဲပုံ .. "
" ဗျာ .. "
" ကိုယ်မင်းအတွက် အသဲပုံဖော်လာတာ .. အခုတော့ ပျက်သွားပြီ .. "
ရှင်းခ သဘောတကျရယ်မိ၏။
" စီအီးအိုက ဒီလိုတွေလည်း လုပ်တတ်တာလားဗျ .. "
" ဒါ မင်း ကိုယ့်ကို အထင် small လွန်းသွားပြီနော် .. ကိုယ့်အချစ် "
" အဲ့လို မဟုတ်ပါဘူးဗျ .. ချစ်စရာလေးမို့လို့ .. ဒီတိုင်း ချစ်ဖို့ကောင်းလို့ "
ပြောရင်းနဲ့ ခေါင်းလေးငုံ့သွားသော ရှင်းခကြောင့် အာဏာ ပြုံးမိတော့၏။
ဒီကောင်လေးက တကယ်ကို အသည်းယားစရာလေး ။
ဒါကြောင့်လည်း သူ့နှလုံးသားက လုံးဝကိုထိုကောင်လေးပိုင်သွားခဲ့တာလေ ။" ဒါပဲထင်လို့လား "
အာဏာ ဆန်ပြုတ်တစ်ဇွန်းအားခပ်လိုက်တော့ သူကြိုးစားပမ်းစားလုပ်ထားသော မုန်လာဥအသဲပုံလေးသည် ဇွန်းထက်တွင်ပါလာ၏။
VOCÊ ESTÁ LENDO
Mg's Bodyguard (S1) [ Completed ]