3

1.7K 71 3
                                    

Unicode
Zawgyi

ကောင်းလင်းခေတ် ဒေါ်မိုးမခ၏အိမ်တွင် အလုပ်လုပ်သည်မှာ သီတင်းကျွတ်ကျောင်းပင် ပိတ်ခဲ့ချေပြီ။ ကျောင်းမပိတ်ခင်က ဖြစ်ခဲ့သည့်ရန်ပွဲကြောင့်ဆရာမခေါ်ဆူသည်ကို ခံလိုက်ရသေး၏။ ေသချာတာတစ်ခုက ကျောင်းဖွင့်လျှင် ကျောင်းထုတ်မခံရရင်တောင် ကျောင်းကတော့ပြောင်းရလိမ့်မည်။ သို့ပေမယ့် သူဝမ်းမနည်း။ သူ့မေမေကို လင်လု'မ'ဟုပြောသည့်သူကို ရစရာမရှိအောင် ထိုးပစ်ခဲ့သည်လေ။

လင်လု'မ' ဟုပြောရအောင် မေမေကထိုလူ့ကို မြူစွယ်ခဲ့သည်မဟုတ်။ထိုလူကိုယ်တိုင် မေမေ့ကို အတင်းရယူခဲ့ပြီးမှ ကလေးတစ်ယောက်ထွက်လာတော့ တာဝန်မယူဘဲပစ်ထားခဲ့သည်ကိုတော့ ဘယ်သူမှအရေးတယူမပြောကြ။အားလုံးအမြင်မှာ မေမေကသာ မကောင်းသည့်မိန်းမဖြစ်ခဲ့ရသည်။

အတွေးတို့ကို ခပ်ဝေးဝေးသို့ခါထုတ်လိုက်ပြီး အလုပ်လုပ်ရန်တစ်ဖက်ခြံသို့သာ လာခဲ့လိုက်သည်။ ဦးလေးသာမောင်က ဒီနေ့ခြံထဲကအမှိုက်တွေရှင်းရန်ကြိုပြောထားသည်မို့ ကောင်းလင်းခေတ် တံမြက်စည်းယူကာ အမှိုက်တွေကို စတင်လှည်းလိုက်၏။ ခဏကြာတော့ လှည်းထားသော အမှိုက်တို့ကို ကြုံးပြီး မီးရှို့ရန်ကျွင်းထဲသို့ ပစ်ထားလိုက်သည်။ ပြီးပြီဆိုမှ သန့်ရှင်းရေးလုပ်ပြီး အိမ်ဘက်ကိုလာခဲ့လိုက်သည်။

"ကောင်းကောင်း"

"ဟုတ်ကဲ့ဖွားဖွားကြီး"

"ကျောင်းထွက်တော့မယ်ဆိုဟုတ်သလား ဘာကြောင့်ထွက်ချင်ရတာလဲ ပညာရေးကမင်းအတွက်အသုံးဝင်တော့ဘူးလား စာတွေမလိုက်နိုင်ရအောင်ကလည်း မင်းကအတန်အတင့်တော့ တော်တဲ့ထဲမှာပါတာပဲ ကဲငါ့ကိုပြောစမ်းပါအုံး"

ဒေါ်မိုးမခ၏ စကားအဆုံး ကောင်းလင်းခေတ်သည် ငိုင်သွား၏။ ပြီးမှ ပင့်သပ်ရှိုက်ကာ

"ကျွန်တော်ရန်ဖြစ်လို့ပါ ကျွန်တော်မထွက်ရင်တောင် အထုတ်ခံရမယ့်အတူတူတော့ ထွက်လိုက်တာပိုကောင်းမယ်ထင်လို့ပါ"

"မင်းက သိပ်ဆိုး​​တာကိုး ဒါဖြင့်လဲကောင်းပြီလေ လုပ်စရာရှိတာသွားလုပ်တော့ "

ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံWhere stories live. Discover now