unicode
zawgyiယနေ့သည် sunday ကျောင်းပိတ်ရက်မို့ ကောင်းတို့ အုပ်စု အခန်းထဲတွင် သာသာယာယာနှင့်အိပ်နေကြသည်မှာ တုံးလုံးပက်လက်။ သုံးယောက်လုံးကုတင်ပေါ်မအိပ်ဘဲ နေရာကျဥ်းသည့် ကြမ်းပြင်တွင်သာ မရမကနေရာယူလျက် အိပ်နေကြလေသည်။ အစကတော့ ကောင်းတစ်ယောက်တည်း ဆင်းအိပ်သော်လည်း မိုးနောင်နှင့်ထူးမင်းက အတူအိပ်ချင်သည်ဟုဆိုရင်း ကုတင်ပေါ်မှဆင်းကာ ကောင်းဘေးသို့ ရောက်ချလာကြသည်။ ကောင်းထဖို့ကြိုးစားပေမယ့် မိုးနောင်နှင့် ထူးမင်းက အထမခံဘဲ ကောင်းဘေးတစ်ဖက်တစ်ချက်တွင်နေရာယူကာ အလယ်မှကောင်းအား ဖက်လုံးကဲ့သို့ခွထားတော့၏။
ဘယ်လိုမှပြောမရသည့်အဆုံး ကောင်းလည်းထိုအတိုင်းပင် အိပ်နေလိုက်ခြင်းဖြစ်သည်။ အခန်းထဲစာအုပ်တွေပိုက်ရင်း ဝင်လာသည့်ရှန်ယံမှာထိုသုံးယောက်ကိုကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။ဒီနှစ်ကဆယ်တန်းမို့ သူများတွေစာကို ကုန်းရုန်းပြီးကြိုးစားနေချိန် ကောင်းတို့သုံးယောက်ကတော့ အအိပ်နှင့်အစားကို အော်ဒါဆွဲထားလေသည်။
sundayတိုင်း ဦးနှောက်အားအနားပေးသည်ဟုဆိုကာ စာအုပ်ပင်မကိုင်တော့။သုံးယောက်သား အတိုင်အဖောက်ညီပုံကိုတော့ ရှန်ယံမချီးကျူးဘဲမနေနိုင်။ ရှန်ယံ၏ကုတင်က ဘယ်ဘက်ခြမ်းအောက်ထပ်မို့ ကုတင်ရှိရာသို့သွားလိုက်ပြီး စာအုပ်များကို စာကြည့်စားပွဲပေါ်တင်ထားလိုက်ပြီးမှ ကုတင်ထက်လှဲချလိုက်တော့သည်။
မျက်လုံးများကိုမှိတ်ချပြီး အနားယူရန်ဆုံးဖြတ်လိုက်ပြီး အိပ်ပျော်ခါနီးမှ အခန်းတံခါးခေါက်သံကြောင့် မျက်လုံးများကို အားယူကာဖွင့်လိုက်ရသည်။ရှန်ယံကကံကိုမကောင်းတာ။အိပ်ပြီဆိုရင် အနှောက်အယှက်တွေကပေါလွန်းသည်။ အိပ်ပျော်ခါနီးဖွင့်လိုက်ရသည်မို့ ခေါင်းပင်အနည်းငယ်မူးနောက်သွား၏။
ေချာက်!။
"အော် ကိုစံဘာလို့လဲမသိဘူး အိပ်မလို့လုပ်နေတာနဲ့ပဲ နည်းနည်းကြာသွားတယ်"
"ရတယ် ညီလေးဒါနဲ့ကောင်းလင်းခေတ်တို့ သုံးယောက်ကအိပ်နေတာလား "
YOU ARE READING
ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံ
Fantasyသူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။