4

1.6K 77 9
                                    

Unicode
Zawgyi

မြတ်တည်တ့ံအိမ်ကို ပြန်ရောက်တော့ ကောင်လေးတစ်ယောက်က ခြံတံခါးလာဖွင့်ပေးလာသည်မို့ မြတ်တည်တ့ံလည်း ကားကိုမောင်းဝင်လာခဲ့လိုက်သည်။ ဖွားဖွားပို့လိုက်သည့် ကောင်လေးသာဖြစ်ရမည်။ ကားကိုဆင်ဝင်အောက်ရပ်လိုက်ပြီး လက်ဆွဲအိတ်အနက်ကိုဆွဲကာ ကားပေါ်ကဆင်းလိုက်တော့ထိုကောင်လေးက ပန်းခြံထဲဝင်ပြီး ဘာတွေအလုပ်ရှုပ်နေသည်မသိ။ မြတ်တည်တ့ံလည်း ရေချိုးရန်သာအိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။

အိတ်ကိုအလုပ်ခန်းထဲဝင်ထားလိုက်ပြီး အိပ်ခန်းဆီသို့ရေချိုးရန်ဦးတည်လိုက်သည်။ ဝတ်ထားသော ကုတ်နှင့်ရှပ်တို့ကိုချွတ်လိုက်တော့ ပေါ်လာသည့်ကြွက်သားတို့ကအမြှောင်းလိုက်။ ရေပန်းအောက်ဝင်ကာ ပင်ပန်း
မှုတို့ကို လျှော့ချလိုက်ရသည်။

ရေချိုးပြီးတော့ တီရှပ်အစဥ်းကြားနှင့် ပုဆိုးကိုသာဝတ်ဆင်ပြီး အောက်ကိုဆင်းလာခဲ့လိုက်သည်။ အောက်ထပ်ကိုရောက်တော့ အိမ်အကူ လှခင်ကိုသာတွေ့သည်မို့ ထိုကောင်လေး ခြံထဲတွင်သာရှိအုံးမည်ကို သိလိုက်သည်။

"လှခင် "

"ဟုတ်ကဲ့ အစ်ကိုလေးထမင်းစားတော့မလို့လား ခဏလေး ဟင်းတွေပြန်နွှေးလိုက်အုံးမယ်"

"နေနေရတယ် မစားသေးဘူး နည်းနည်းကြာမှ ဒါနဲ့ဟိုကောင်လေးကို အထဲလွှတ်လိုက်အုံး အောင်မျိုးက​ေရာဘယ်သွားလိုက်တာလဲ "

"အစ်ကိုက မေကြီးကိုဆေးခန်းသွားလိုက်ပို့တယ် ခေါင်းတွေမူးနေလို့တ့ဲ သွေးတိုးတာထင်ပါတယ်"

မြတ်တည်တ့ံသည်ခေါင်းတစ်ချက်သာညိတ်ပြပြီး ဧည့်ခန်းကခုံပေါ်တွင်ထိုင်ကာ စာအုပ်တစ်အုပ်ကိုဖွင့်ဖတ်နေလိုက်၏။ လှခင်လည်း ကောင်လေးကိုခေါ်ရန် အပြင်သို့ထွက်လာခဲ့လိုက်သည်။ လှခင် ထိုကောင်လေးကို ရောက်ကတည်းက သတိထားမိသည်မှာ အစ်ကိုလေးထက်ပင် စကားနည်းမည့်ပုံပင်။ ရောက်ကတည်းကသူ့ကိုစကားပြောသည်မှာ ဘာလုပ်ပေးရမလဲဆိုသည်မှလွှဲ၍ မည်သည်ကိုမှပြောလာခြင်းမရှိ။

ထိုကောင်လေးဆီရောက်တော့ ကောင်လေးက ပန်းပင်ပေါင်းတင်နေရာမှ မော့ကြည့်လာ၏။

ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံWhere stories live. Discover now