18

1.3K 53 10
                                    

unicode
zawgyi

"အရိုးနည်းနည်းအက်သွားတာ အဆင်ပြေသွားမှာပါ လောလောဆယ်တော့ အားသုံးရတဲ့အလုပ်တွေရှောင်ပေး"

"ဟုတ်ကဲ့"

"လက်ထိန်းအပတ်ပတ်ရမယ် သုံးပတ်လောက်ပေါ့ ဘယ်လက်ဆိုတော့ စာလုပ်ရတာအခက်မတွေ့လောက်ပါဘူး လိမ်းရမယ့်ဆေးညွှန်းရေးပေးလိုက်မယ် ကောင်တာမှာထုတ်သွားဟုတ်ပြီလား"

"ကျေးဇူးပါ"

ကောင်းလင်းခေတ် ခရီးသွားဖို့လည်း စိတ်မပါတော့တာမို့ ကားမထွက်ခင်ဆင်းထားခြင်းဖြစ်သည်။ထိုကျောင်းသားကဘယ်လိုတောင် တွန်းလိုက်သည်မသိ။ လက်ကကြာလေပိုပြီးနာလာသည်မို့ ဆေးခန်းကိုသာလာခဲ့လိုက်ပြီး ဓာတ်မှန်ရိုက်လိုက်ရသည်။ဓာတ်မှန်အဖြေကိုပြောပြီးမှ ဆရာဝန်ကဆေးညွှန်းကိုရေးပေးလိုက်ပြီးကောင်တာတွင် ကျသင့်ငွေနှင့်အတူရှင်းရန်ပြောလာသည်မို့ ကောင်းလင်းခေတ်လည်း ကောင်တာရှိရာကိုသာ ထွက်လာခဲ့လိုက်သည်။

ပြဿနာကထိုနေရာတွင်စလေသည်။ ပိုက်ဆံရှင်းမည့်အချိန်မှ ပိုက်ဆံအိတ်ကဘယ်ရောက်နေမှန်းမသိ။ ဦးတည်ပေးထားတဲ့မုန့်ဖိုးတွေကို စုထားတာငါးသောင်းလောက်ပင်ရှိနေပြီ။ ထိုပိုက်ဆံကိုဘယ်မှာထည့်ထားလိုက်မိလဲမသိတော့။ ကောင်တာမှအစ်မက ဆေးထုတ်ကိုကမ်းပေးလာသည်မို့ ကောင်းလှမ်းယူလိုက်သည်။ ကျသင့်ငွေဏေးထားသောဘောင်ချာကိုပါကမ်းပေးလာသည့်မို့ ကောင်းယူကြည့်လိုက်၏။

ပမာဏကသိပ်မများဘူးဆိုသော်ငြား လောလောဆယ်လက်ထဲတွင် တစ်ပြားမှမရှိတာကခက်သည်။

"အစ်မကျွန်တော်ပိုက်ဆံပျောက်နေလို့ "

"ဟယ်ကောင်လေးအဲ့လိုမရဘူးလေ ရုပ်ကလေးနဲ့မှမလိုက် အချောင်လိုချင်နေတာလား အဲ့လိုမရဘူးနော် "

"ဟို ကျွန်တော်ပြောတာအဲ့လိုမဟုတ်..."

"အခုဘယ်လိုလုပ်မှာလဲကောင်လေး အစ်မလည်းစိုက်ထားပေးလို့မရဘူး အသက်ကလေးကငယ်ငယ်လေးပဲရှိသေးတဲ့ဟာ ခုလိုလုပ်စားနေတာမကောင်းဘူးနော်"

"ကျွန်တော်ပြောချင်တာက ဖုန်းဆက်ချင်လို့ ငွေရှင်းဖို့အိမ်ကိုဖုန်းဆက်ချင်လို့ပါ"

ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံWhere stories live. Discover now