13

1.2K 56 5
                                    

unicode
zawgyi

"ဒီမှာမနေချင်ရင် အိမ်မှာပြန်လာနေမလား အိမ်ကနေပဲကျောင်းသွားလိုက်လေ အဲ့လိုလုပ်မလား ဒါမှမဟုတ်ရင်လဲ အိမ်မှာပဲနေတော့မလား"

ကောင်းကောင်းသည် တည်တ့ံ၏ရင်ခွင်ထဲမှ ထွက်လာပြီး ခေါင်းယမ်းပြလာ၏။ ထို့နောက်သူ့ရဲ့ ညာဘက်လက်ကိုထိုးပြလာသည်။ဟုတ်သားပဲ ဆေးလူးပေးဖို့မေ့သွားတာ ။ တည်တ့ံ ကောင်းကောင်း၏လက်ကလေးကို ဆွဲယူလိုက်ပြီး ယူလာသည့်ဆေးကိုလူးပေးလိုက်သည်။

ကောင်းကောင်းသည် ဆေးလူးပေးနေသော တည်တ့ံကိုကြည့်ကာ အမည်မသိခံစားချက်တို့ဝင်လာပြီး ပြေပျောက်သွားပြီဖြစ်တဲ့ မျက်ရည်စတို့က မျက်ခမ်းစပ်တွင်နေရာယူလာပြန်သည်။ နှုတ်ခမ်းဖူးဖူးတို့က အနည်းငယ်တုန်ယင်လာပြီး နှာထိပ်လေးကလည်း အနည်းငယ်နီရဲလာလေသည်။

ဆေးလူးပေးပြီး ကောင်းကောင်းကိုကြည့်လိုက်တော့ ပါးပြင်ထက်ပေါက်ခနဲကျသွားသည့် မျက်ရည်လေးကို တွေ့လိုက်ရတော့ ဒီကလူရဲ့ရင်က ပူလောင်ရပြန်သည်။

"ကောင်း ဘာလို့လဲ ဟင် ဘာလို့ငိုနေတာလဲ နာနေလို့လား ဟင် ပြောစမ်းပါအုံးကွာ"

"ကျွန်တော်က ဒီလောက်ကတော့ အေးဆေးဗျ ရွှတ်!"

နှာတစ်ချက်ချုံ့လိုက်ပြီး ပြောလာသောကောင်းကောင်း၏စကားသံက ငိုသံတို့ရောစွတ်နေ၏။ မြတ်တည်တ့ံ ကောင်းကောင်း၏ပါးပြင်ထက်က မျက်ရည်စတို့ကို လက်မသုံးကာ သုတ်ပေးလိုက်သည်။ကောင်းကောင်းက ဖွဖွလေးပြုံးပြကာ တည်တ့ံ၏ ဘယ်ဘက်လက်ကိုဆုပ်ကိုင်လိုက်သည်။

ထို့နောက် တည်တ့ံကို သိုင်းဖက်လာ၏။ သိုင်းဖက်ရုံသာမက ထိုင်နေသောတည်တ့ံ၏ ပေါင်ပေါ်သို့တက်ထိုင်လာသည်ကြောင့် တည်တ့ံမှာ အ့ံဩသွားရသည်။ ကောင်းကောင်းဒီလိုအပြုအမူမျိုး လုပ်လိမ့်မည်ဟု သူတစ်ကယ်ကိုထင်မထားခဲ့တာ။

ရင်းနှီးနေသည့် မြေသင်းနံ့ခပ်သင်းသင်းက နှာခေါင်းထဲသို့အတားအဆီးမရှိဝင်ရောက်လာ၏။ ထိုကိုယ်သင်းန့ံက လူကိုရူးသွားစေဖို့ လုံလောက်သည်ဟု ပြောလျှင် အားလုံးအတွက်တော့ အပိုစကားတွေသာဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့ပေမယ့် ထိုစကားက မြတ်တည်တ့ံအတွက်တော့ သီတာရေစင်ထက်ပင် စင်ကြယ်သည့် မှန်သောစကားတည်း။

ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံWhere stories live. Discover now