24

1.1K 49 8
                                    

Unicode
Zawgyi

မျက်နှာပေါ်သို့ကျရောက်လာသော မနက်ခင်းနေရောင်ခြည်ကြောင့် ကောင်းနိုးလာရသည်။ ဦးတည်က လိုက်ကာတွေကို ဖွင့်ထားပေးပုံပင်။ အိပ်ယာထက်ထထိုင်လိုက်ရင်း ညကအဖြစ်အပျက်တစ်ချို့ကမျက်လုံးထဲ ပုံပေါ်လာသည်ကြောင့် ဦးတည်ကို အားနာရသလို ရှက်လည်းရှက်မိသည်။ ဦးတည်မသိအောင် Barခိုးသွားကာမှ ပြဿနာကဘယ်ကနေပေါ်လာမှန်းမသိ။ လျှာရှည်ပြီးသူများမှာထားသည့် ကော့တေးခွက်ကိုသွားယူသောက်လိုက်တာ။ဝိတ်တာကောင်လေးက 'အဲ့ခွက်ထဲမှာ စိတ်ကြွဆေးခတ်ထားတာ' ဟုလာပြော၍တော်သေးသည်။ နို့မို့ဆိုလူကြားထဲအရှက်ကွဲအုံးမှာ။

ဒါတောင် ဦးတည်ရှေ့မှာအရှက်ကွဲလိုက်သေးသည်။ ကောင်းလင်းခေတ်ခေါင်းတစ်ချက်ယမ်းပြီး အတွေးတို့ကို မောင်းထုတ်လိုက်ပြီး ရေချိုးရန် ပြင်ရတော့သည်။ ရေချိုးခန်းထဲရောက်တော့ အတွေးထဲမှာစီကာစဥ်ကာပေါ်လာတဲ့ပုံရိပ်တွေကြောင့် မျက်နှာတစ်ခုလုံးပူထူသွားရသည်။ ရေကိုခပ်မြန်မြန်ချိုးကာ ထွက်လာတော့ ဦးတည်က ကုတင်ပေါ်တွင်မိန့်မိန့်ကြီးထိုင်နေ၏။

"အမေ့!!"

"အဟက်!"

ကောင်းအလန့်တကြားအော်တော့ ဦးတည်က ခပ်ဟဟရယ်ကာ

"ဘာလဲ အပြစ်လုပ်ထားတော့ကြောက်နေပြီလား"

"ဘယ်..ဘယ်သူကအပြစ်လုပ်ထားလို့လဲ ဘယ်သူမှကြောက်မနေဘူးနော် "

"မလုပ်ထားဘူးဆိုလည်း မလုပ်ထားဘူးပေါ့ အဝတ်အစားဝတ်ပြီးရင်လာခဲ့"

ပြောပြီးထွက်လာတော့..

"အခန်းထဲကိုလာရမှာလား"

"ကိုယ့်အခန်းထဲမှာကဘာလုပ်ရမှာလဲ အောက်ကိုလာခဲ့မနက်စာစားမယ် မြန်မြန်လုပ်ကိုယ်အလုပ်သွားဖို့နောက်ကျနေပြီ ပြောစရာရှိတယ်"

ဦးတည်ကသာ ပြောပြီးထွက်သွားတာ။ကျန်နေခဲ့သည့်ကောင်းလင်းခေတ်ကတော့ ရှက်နေဆဲ။ သို့သော်လည်း ထိုအရာကို ချောင်းတစ်ချက်ဟန့်ပြီး ပြေစေလိုက်၏။ ညတုန်းက ဦးတည်သူ့ကို ကိုယ်လုံးတီးပွေ့ချီခဲ့တာပဲ။

အား!! ရှက်လိုက်တာ...။

ကောင်းရွေးဝတ်လိုက်သည်က JJဘောင်းဘီနှင့် စွတ်ကျယ်ဂျိုင်းပြတ်။ ဲ​ြပီးသည်နှင့် မနက်စာစားရန်အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။ကောင်းက ဒီအိမ်မှာဘာမှလုပ်စရာမလို။စရောက်ကတည်းက ဖွားဖွားကြီးက အလုပ်လုပ်ဖို့ပို့လိုက်တာလို့ပြောပေမယ့် ဦးတည်နှင့်ဖုန်းပြောသည့်အချိန်တိုင်း ဘာမှမခိုင်းရန်ပြောနေကျ။ ခုတော့ပိုဆိုးသည်။ဦးတည်ကပါ ဘာမှမလုပ်ခိုင်း။

ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံWhere stories live. Discover now