Unicode
Zawgyiပြိုင်ပွဲကိုရောက်တော့ လူတောင်တော်တော်စုံနေပြီဖြစ်သည်။ထိုထဲတွင်မှ မမြင်ချင်ဆုံးလူကိုတွေ့လိုက်ရ၍ ကောင်းစုတ်သပ်လိုက်မိသည်။ထိုလူက ကောင်းအနားသို့ ကားသော့အားရမ်းကာ လျှောက်လာ၏။
"ဝိုး ငါကမင်းများလာပါ့မလားလို့ "
"ငါကဘာကိစ္စမလာရမှာလဲ မင်းသာကြောက်ချီးပန်းမနေနဲ့ ကျော်မိုးနွေ"
"အဟက်!! လေကတော့တော်တော်ကြီးတယ်နော် ပြိုင်တဲ့ခါမှကြည့်ရသေးတာပေါ့"
"စိန်လိုက်လေ ဒါနဲ့လောင်းကြေးက.."
ကောင်းလင်းခေတ်က တပ်ထားသည့်မျက်မှန်အားချွတ်ကာ မေးလိုက်တော့ ကျော်မိုးနွေ၏မျက်နှာထက် လောင်ရိပ်သန်းသွား၏။
"ရှုံးတဲ့သူက ဟော..ဟိုမှာတွေ့လား"
ကျော်မိုးနွေထိုးပြသောနေရာကို သုံးယောက်သားကြည့်လိုက်မိတော့ crop top ကို mini စကတ်နှင့်တွဲဝတ်ထားသည့်ကောင်မလေးတစ်ယောက်။ပန်းရောင်ဆံပင်များက ရေလှိုင်းတွန့်ကလေးများဖြင့်။စီးထားသောဒေါက်အမြင့်ကြောင့် နဂိုရှည်နေသောအရပ်က ပိုလို့ပင်ရှည်နေသေးသည်။
ထိုကောင်မလေးကိုဘာကြောင့်ညွှန်ပြနေရတာလဲ။အဲ့ကောင်မလေးကို နမ်းရမှာတော့မဟုတ်ဘူးမလား။ကျော်မိုးနွေဆိုတာ ကောင်းလင်းခေတ်နှင့် ကားပြိုင်မောင်းတိုင်း ရှုံးနေကျ။အရင်တစ်ခါတုန်းက နိုင်ခဲ့ဖူးတာနဲ့ဂြိုလ်ကြွနေတဲ့ကောင်။
ကျော်မိုးနွေ၏သူငယ်ချင်းတစ်ယောက်က ကောင်းလင်းခေတ်ကိုရိသဲ့သဲ့ လုပ်ရာမှ ကောင်းနှင့်ပြိုင်ဘက်ဖြစ်ခဲ့ခြင်းပင်။အလကား သူ့သူငယ်ချင်းဆိုတဲ့ကောင်က ကောင်းလက်စာမိသွားတာကို ကျော်မိုးနွေနဲ့သွားတိုင်တာတဲ့လေ။
ကောင်းကြည့်နေတုန်းမှာပင် ကျော်မိုးနွေကကောင်းဘက်ပြန်လှည့်လာပြီး မျက်ခုံးပင့်ကာ ဘယ်လိုလဲဟူသည့်အထာနှင့်မေး၏။
"ဘာလဲ အဲ့ကောင်မလေးကိုနမ်းရမှာလို့တော့မပြောနဲ့နော်"
"ဟား...ဟား..ကောင်းလင်းခေတ်ရာ တလွဲတွေတွေးနေတာပဲ ဒီမှာရှုံးတဲ့ကောင်Timer barကို အဲ့လိုပုံစံဝတ်ပြီးလာရမှာ ဘယ်လိုလဲ"

YOU ARE READING
ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံ
Fantasyသူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။