23

1.1K 51 9
                                    

Unicode
Zawgyi

"အင်း..ဟင်း..ဦးတည် "

ခန္ဓာကိုယ်မှလှုပ်လီလှုပ်လဲ့နှင့်နိုးလာသည့်ကောင်းက နိုးနိုးချင်းရေရွတ်မိသည်က မြတ်တည်တ့ံကိုသာ။ တည်တ့ံထိုကောင်လေးကိုမြတ်နိုးလွန်း၍ နဖူးထက်ခပ်ဖွဖွအနမ်းခြွေမိတော့ မျက်တောင်လေးတွေကိုပုတ်ခတ်ကာ နိုးလာ၏။

"နိုးပြီလား ဗိုက်နာတာသက်သာပြီလား ဘယ်လိုနေသေးလဲ"

"ဦးတည် ကျွန်တော့်ကို တပ်ခေါက်တယ် "

"ဟင်!"

အစမရှိဘဲပြောလာသည့်စကားကြောင့် တည်တ့ံကြောင်အမိသည်မှာအမှန်။ နောက်မှအတွေးထဲဝင်လာသည်က ည​ေနကသူ့ကိုစိုးရိမ်၍တပ်ခေါက်လိုက်မိသည်ကို အခဲကြေပုံမရ။ တည်တ့ံ ကောင်းကောင်း၏မျက်နှာလေးကိုလက်နှစ်ဖက်ဖြင့် အုပ်ကိုင်ပြီး မျက်နှာချင်းဆိုင်စေလိုက်တော့ မြင်လိုက်ရသည့် မျက်ခွံလေးတွေက ခပ်မို့မို့။ ကောင်းတက်ခွကာအိပ်ထားသည်မို့ပေါင်က အနည်းငယ်ထုံကျင်နေသော်လည်း မဆင်းခိုင်းရက်။တော်ကြာဝမ်းနည်းသွားပြန်မှဖြင့်။

"ည​ေနက ကိုယ်ချာတိတ်ကိုအော်တာမဟုတ်ရပါဘူးကွာ ကိုယ့်ကိုယ်ကိုဒေါသထွက်သွားလို့ပါ"

"ဦးတည်လိမ်တယ်"

"ကိုယ်ကဘာလို့လိမ်ရမှာလည်း ဟမ် "

တစ်ကယ်ပါ ကားရပ်လိုက်သည်နှင့်မြင်လိုက်ရသည့် မြင်ကွင်းကသူ့ကို စိုးရိမ်စိတ်မြှင့်စေသည်။ ခွန်းစစ်ငယ်ကကောင်းခြေထောက်ကိုဖက်ကာ တောင်းပန်စကားဆိုနေသည်က အရေးမဟုတ်သော်လည်း ထိုမြင်ကွင်းကိုကြည့်ကာ ကောင်းကိုအပြစ်တင်ပြောဆိုနေသည့် လူအချို့ကြောင့် ကောင်းကိုစိုးရိမ်မိသည်မှာ အမှန်ပင်။ တောက်ခေါက်မိသည်ဆိုတာကလည်း ဒီလိုအခြေအနေဖြစ်သွားရလောက်အောင် သူကောင်းဆီကိုစောစောမရောက်လာခဲ့မိသည်ကို ဒေါသထွက်၍။

ခွန်းစစ်ငယ်ကိုချီလိုက်တယ်ဆိုတာကလည်း သူ့ခြေထောက်နာနေသည်ထင်၍ ဆေးခန်းပို့ပေးရန်သာ။သို့ပေမယ့် ချာတိတ်နာကျင်သည်ကိုမြင်လိုက်ရတော့ ချာတိတ်ထံအပြေးသွားမိသည်သာ။ ခွန်းစစ်ငယ်ဘယ်လိုကျန်ခဲ့မည်ဆိုတာကိုလည်း ဂရုမစိုက်အား။

ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံWhere stories live. Discover now