12

1.2K 62 3
                                    

unicode
zawgyi

ကောင်းကောင်းက ​ေကျာင်းကအဆောင်တွင်သာနေခဲ့ပြီး တည်တ့ံကတော့ မကြာခဏသွားတွေ့လေ့ရှိသည်။ ထိုနေ့ပြီးကတည်းက ကောင်းကောင်းသည် အရင်ကထက်ပိုပြီး စကားပြောတတ်လာသည်။အပြုံးအရယ်ရှိလာသော်လည်း ရင်းနှီးသူများကိုသာ ပြုံးပြတတ်သည်။ ပြုံးသည်ဆိုတာကလည်း တစ်ကယ့်ကို တာဝန်ကျေပြုံးပြရုံသာ ဖြစ်သည်။

ကောင်းကောင်းကို သွားတွေ့လျှင် ငယ့်ကိုပါသွားတွေ့ရသည်။ မဟုတ်ရင် ကောင်းကို အလကားနေမုန်းနေမှာကိုမလိုလား။ငယ်ကမရင့်ကျက်သေးသည်မို့ သူ့စိတ်ကသူ့ထက်တစ်ခြားသူကိုပိုပြီးဂရုစိုက်ပြရင် မနာလိုတတ်သည်။ အဆောင်မှအခန်းတွေက လေးယောက်အိပ်မို့ ကောင်းကောင်းတို့အခန်းတွင်တော့ ကောင်းကောင်းရယ်၊ ထူးမင်းရယ်၊မိုးနောင်ရယ်နှင့် ငယ့်သူငယ်ချင်းဟူသော ရှန်ယံအပါအဝင်လေးယောက်က တစ်ခန်းထဲကျလေသည်။

တည်တ့ံကောင်းကိုလာတွေ့သော အချိန်တော်တော်များများတွင် ရှန်ယံကကောင်းအနားတွင်သာ ကပ်နေတတ်ပြီး ငယ်ကတော့တည်တ့ံအနားကနေမခွာတော့ချေ။ တစ်ခါကဆိုလျှင် ကောင်းလက်ဆဖြင့် ရှန်ယံဆိုသောတစ်ယောက်မှာ မျက်ခုံးကိုသုံးချက်ပင်ချုပ်လိုက်ရသည်။

ဒါတောင်ထိုကောင်လေးက အပြုံးပင်မပျက်။ ထိုကိစ္စနှင့်ရုံးခန်းပင် ရောက်လိုက်ရသေးသည်။ ထိုကောင်လေး၏ အကြည့်တို့ကိုတည်တ့ံမကြိုက်။မြွေမြွေချင်းခြေမြင်တယ်ဟုပဲ ပြောရမည်လား။ရှန်ယံ ကောင်းကိုအနည်းနှင့်အများသဘောကျနေတာတော့ သိသာလွန်းသည်။

ထိုအကြောင်းကိုတွေးမိတော့ ချာတိတ်ကိုစိတ်မချဖြစ်ရသေးသည်။ ဒီနေ့လည်း ကောင်းကိုသွားတွေ့ခါနီးမှ အရေးကြီးကိစ္စကပေါ်လာပြန်သည်မို့ ကျောင်းကိုမသွားဘဲ အလုပ်ကိုသာ လာခဲ့လိုက်ရသည်။

"bossလာပြီလား Mr.ဂင်က bossရဲ့ရုံးခန်းထဲမှာစောင့်နေပါတယ် ပြီးတော့ သူ့အမျိုးသမီးရောပါလာပါတယ် "

ကုမ္ပဏီထဲခြေချလိုက်သည်နှင့် အတွင်းရေးမှုးမလေးက ဘေးကနေပြောပြနေ၏။ ခပ်သွက်သွက်လှမ်းလာသော ခြေလှမ်းတို့ကို အတွင်းရေးမှုးမလေးက အမြန်လိုက်နေရပုံပင်။ သို့သော်လည်း တည်တ့ံခြေလှမ်းတို့ကို အရှိန်မလျှော့မိ။ကို၍ပင် အရှိန်တင်လိုက်သေးသည်။ကိစ္စတွေအမြန်ပြီးဖို့လိုသည်လေ။

ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံWhere stories live. Discover now