Unicode
Zawgyi"ဦးတည် ဒီမှာကြည့် ငယ်အမှတ်တွက်ထားတာ တွေ့လား လုံးဝများတယ်နော်"
"ဒါက ငယ်တွက်ထားတာလေ ဆရာမတွေစစ်ထားတဲ့အမှတ်မှမဟုတ်ဘဲ"
"ဟာ..မရဘူးနော် ငယ်နောက်နေ့နေြပည်တော်ပြန်ရမှာ အခုသိချင်တာကိုမေးမှရမှာလို့ နော်...နော်လို့ဦးတည် "
အလုပ်ခန်းထဲဝင်လာပြီး ကြောင်လေးတွေလို လာညောင်နေသည့် ငယ့်ကြောင့် တည်တ့ံမရယ်ဘဲမနေနိုင်။ တစ်ကယ်ပါပဲ အမှတ်တွေဘယ်လောက်များကြောင်း ပြောပြနေသည့် ငယ်က ဘာကိုများသိချင်နေလို့ ဒီလောက်ထိ ပြောနေရတာပါလိမ့်။
"ဟုတ်ပါပြီကွာ ဘာသိချင်လို့လဲ ပြောပါအုံး "
"အဲ့လိုမှပေါ့ ဦးတည်မှာ ကောင်မလေးရှိလား"
ငယ်မေးလိုက်တော့ ပြုံးနေသောဦးတည်က စိတ်မကောင်းဟန်ဖြစ်သွားသည်။ပြီးမှ ငယ့်အားနာကျင်စွာ ပြုံးပြလာ၏။
"ငယ်ကဘာလို့သိချင်ရတာလဲ"
"ဒီတိုင်း သိချင်တာ ပြောပြနော်...နော်လို့ မပြောပြရင် ရုပ်ဆိုးတော့မှာနော်"
ငယ်က တည်တ့ံ၏ လက်မောင်းအားကိုင်လှုပ်ကာပြောနေ၏။ ဒီကလေးအတင့်ရဲလွန်းသည်။ တည်တ့ံ မတ်တပ်ရပ်လိုက်ပြီး စာအုပ်စင်နားသို့သွားလိုက်ကာ စာအုပ်တွေကိုဖွဖွထိကိုင်ရင်း အတိတ်ကအြဖစ်အပျက်တစ်ချို့က မျက်ဝန်းထဲ မြင်ယောင်လာရသည်။ ဒီထဲမှာရှိနေသည့်အရာကို ငယ့်အားပြလိုက်သင့်လား။ငယ်မြင်သွားရင်ရော သူ့ကို ဘယ်လိုထင်သွားမလဲ။
"ဦးတည် ပြောပြပါနော် ငယ်လျှောက်မပြောပါဘူးကတိပေးတယ် "
လျှောက်ပြောမှာစိုးသည်ကြောင့် မပြောပြဘူးထင်နေသည့် ကောင်လေးက ချစ်စရာကောင်းအောင်လုပ်ပြနေသေးသည်။ တည်တ့ံ သည် စာအုပ်စင်၏ ဒုတိယထပ်တွင်ရှိသော စာအုပ်နီညိုရောင်လေးကို မလိုက်တော့ စာအုပ်စင်ကရွေ့သွားသည်။
ငယ်ကမျက်လုံးလေးတွေပြူးကာ ကြည့်နေပြီးပါးစပ်ကိုလည်း အိုပုံစံဖြစ်အောင်လုပ်ထားသေးသည်။လက်မနှစ်ချောင်းကို ထောင်ရန်လည်းမမေ့ခဲ့။ ဦးတည်က တစ်ချက်ပြုံးပြပြီး အခန်းထဲကိုအရင်ဝင်သွားလိုက်တော့ ငယ်လည်းအနောက်ကနေလိုက်ဝင်သွားလိုက်သည်။
YOU ARE READING
ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံ
Fantasyသူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။