Unicode
Zawgyiပင်လယ်နားက ဘန်ဂလိုဖြစ်သည်မို့ ပင်လယ်ကိုဖြတ်သန်းတိုက်ခတ်လာသည့် မနက်ခင်းလေပြေအေးက ဖွင့်ထားသောပြတင်းပေါက်မှတစ်ဆင့် အခန်းထဲရောက်ရှိလာလေသည်။အနည်းငယ်တွန့်သွားသော ရင်ခွင်ထဲကကောင်လေး၏ကိုယ်လေးကို နွေးထွေးစေရန် စောင်အဖြူကိုလွှမ်းခြုံပေးလိုက်တော့ နှုတ်ခမ်းတွေကပြုံးယောင်သန်းသွား၏။အရင်ကလည်းအတူအိပ်ဖူးပေမယ့် တရားဝင်လက်ထပ်ပြီးတော့ အသွေးအသားချင်းရင်းနှီးပြီးသွားပြီဆိုတဲ့စိတ်က ဘာနဲ့မှမလဲနိုင်။
ယောက္ခမကြီးက သူ့သားကိုညင်သာပေးဖို့ နားနားကပ်ကာတောင်းဆိုခဲ့ပေမယ့် အရက်သောက်ရင် စိတ်ကြွတတ်တဲ့ကောင်းလင်းခေတ်ကြောင့် ထိန်းချုပ်မရနိုင်ခဲ့။ဝိုင်တစ်ပုလင်းလုံးလည်း သူတစ်ယောက်တည်းပဲ။ဒါတောင်နောက်ထပ်သောက်ချင်နေသေးသည်။ပထမဆုံးအကြိမ်မို့ နာကျင်နေမည်ကိုတော့ ရိပ်မိသည်။
သန့်ရှင်းပေးပြီး ဆေးလိမ်းထားပေးပေမယ့် ခန္ဓာကိုယ်ကတော့ အနည်းနဲ့အများနာကျင်နေမှာပင်။တစောင်းအိပ်နေတာမို့ မြင်နေရတဲ့ ပါးဖောင်းဖောင်းလေးကိုညစ်လိုက်တော့ အညိုမကျတကျမျက်ခုံးကစုကျုံ့သွား၏။အပြင်ဘက်မှမနက်ခင်းအလင်းရောင်က တော်တော်လင်းနေပြီဖြစ်သည်။
ထို့ကြောင့် ကလေးငယ်၏နဖူးထက်အနမ်းခြွေပြီး ကုတင်ပေါ်မှဆင်းရန်ပြင်တော့ တည်တ့ံခါးတို့ကို အတင်းဖက်တွယ်ထားသဖြင့် တည်တ့ံပြုံးလိုက်မိသည်။ဒါကမထစေချင်သေးတဲ့သဘောပေါ့လေ။
"ကလေးငယ် လွှတ်အုံးလေကိုယ်ထတော့မယ် အပြင်မှာတော်တော်လင်းနေပြီ မနက်စာမှာလိုက်အုံးမယ်"
"ဟင့်အင်း"
"ခါးကနာနေတယ်မလားပြီးတော့ဟိုနေရာက အင်း...အိပ်ချင်နေသေးတယ်မလား"
"နာတယ်အကုန်လုံးပဲ ဦးတည်ကအရမ်းကြမ်းတာကို အိပ်ချင်သေးတယ်"
"အိပ်ချင်သေးရင်အိပ်လိုက်အုံးလေ ကိုယ်ထတော့မယ်မအိပ်ချင်တော့ဘူး"
"ဦးတည်ကိုဖက်ပြီးပဲအိပ်ချင်တာပါဆို သူများသားသမီးကိုလုပ်တုန်းကလုပ်ပြီး အဲ့လိုပစ်ထားခဲ့လို့ရမလား အဟင့်!"
YOU ARE READING
ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံ
Fantasyသူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။