5

1.5K 71 8
                                    

Unicode
Zawgyi

ခွန်းစစ်ငယ်တစ်ယောက် အခန်းတစ်ခုရှေ့တွင် ကုတ်ချောင်းကုတ်ချောင်းနှင့် လုပ်နေ၏။ အတိအကျဆိုရလျှင် ကောင်းလင်းခေတ်၏အခန်း။ ဒီအချိန်ဆိုရင် ကောင်းလင်းခေတ်သည် ပန်းခြံထဲရှိပန်းပင်များကို ပြုစုချင်ပြုစုနေသလို တစ်ခါတစ်ရံလည်း အိမ်အနောက်ဘက် ရေကူးကန်နားရှိသစ်ပင်ကြီးအောက်မှ သစ်ရွက်ရွက်ခြောက်များကိုရှင်းနေတတ်သည်။ ဦးတည်က လုပ်စရာမလိုဘူးဟု ပြောသော်လည်း ရတယ်ဆိုသောစကားတစ်ခွန်းသာပြောပြီး လုပ်မြဲတိုင်းပင်။ သူကတော့ ဘာမှမလုပ်တတ်ဘူးဆိုသည့် ခေါင်းစဥ်အောက်က ဘယ်တော့မှမရွေ့။ဒါလည်း ငယ့်ရဲ့ကျွမ်းကျင်မှုတစ်ခုဟုပင် ဆိုနိုင်သည်လေ။

ခွန်းစစ်ငယ်သည် ကောင်းလင်းခေတ်၏အခန်းထဲကို တိတ်တဆိတ်ဝင်ခဲ့လိုက်၏။ ကျောင်းသွားခါနီးတိုင်း ဝင်နေကျဖြစ်ပေမယ့် ခုလိုခိုးဝင်ရတဲ့ ခံစားချက်ကလည်း တစ်မျိုးစိတ်လှုပ်ရှားစရာကောင်းနေသည်။ ငယ်ဘာကြောင့် ဒီအခန်းထဲကို ခိုးဝင်လာခဲ့တာလဲ။

အဖြေကရှင်းပါသည်။ရေမွှေးပုလင်းရှာရန်ပင်​။ကိုကို့အနားကိုရောက်တိုင်း ရရနေတဲ့ မြေသင်းန့ံသင်းသင်းလေးကို သိပ်သဘောကျရတာ။ကိုကို့ကိုမေးပေမယ့် ထုံးစံအတိုင်း xီးရေမွှေးလားတ့ဲ။ စကားပြောတာကိုက အဲ့ထဲကကိုမထွက်ဘူး။ မှန်တင်ခုံပေါ်ကို ကြည့်လိုက်တော့ ခေါင်းဖီးတစ်ချောင်းကလဲွဲပြီး ဘာမှရှိမနေ။နေပါအုံး တစ်ကယ်ကို ဘာမှမသုံးတာလား။ ဟိုဟိုဒီဒီမွှေနှောက်နေတုန်း ချောက်ဆိုသောတံခါးဖွင့်သံ။ မလုံမလဲနှင့် နောက်ကိုလှည့်ကြည့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေသည့်ကောင်း။

"ငါ့အခန်းထဲမှာ ဘာလုပ်နေတာလဲ ခွန်းစစ်ငယ်"

"ဟို...ဟိုလေ ငယ်..ငယ်"

လက်ညိုးကို ဟိုထိုးဒီထိုးနှင့် လုပ်နေသော ခွန်းစစ်ငယ်က ပြောစရာစကားတို့ကိုရှာမရတော့ ဟီးခနဲရယ်ပြလာ၏။

"အင်း...ဘာဖြစ်လဲဆက်ပြောလေ ကျောင်းသွားဖို့မပြင်ဘဲ ငါ့အခန်းထဲဘာဝင်လုပ်နေတာလဲ"

"...."

"သွားတော့ "

"ကိုကို တစ်ကယ်ပဲဘာမှမသုံးဘူးလား"

ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံWhere stories live. Discover now