7

1.2K 62 3
                                    

Unicode
zawgyi

"ေဟျာင့် ကောင်းလင်းခေတ် "

"ပြော"

"ကိုးတန်းအောင်ပြီးရင်ကွာ ဆယ်တန်းလာမှာမလား အဲ့ဆယ်တန်းရောက်ရင် မင်းဘယ်မှာနေမှာလဲ အဆောင်မှာပဲနေမှာလား ဒါမှမဟုတ်ရင် အိမ်ကနေပဲလာမှာလား"

မိုးနောင်၏ အမေးကို ကောင်းတစ်ကယ်ကို ပြန်မဖြေတတ်။ ခုတောင် သူများထားပေးလို့နေနေရတာ ။ဆယ်တန်းထိ ထားပေးမှာလားဆိုတာလည်း သူ့အတွက်မသေချာ၍။ အမှန်အတိုင်းပြောရလျှင် ကောင်းဆယ်တန်းကိုတော့ တက်ဖူးချင်သည်။အောင်သာမအောင်သာအပထားပေါ့လေ။

ခွန်းစစ်ငယ်ကရော ဒီအိမ်ကြီးမှာပဲဆက်နေမှာလားဆိုတာ သူတစ်ကယ်သိချင်မိသည်။

"ဟျောင့် ငါမေးတာဖြေစမ်းပါ ငါကမင်းအဆောင်နေရင်အတူလိုက်နေမလို့"

"မသိဘူး "

"အေးမသိနေလိုက် ပျင်းလိုက်တာကွာ စာကျက်ရမှာပျင်းတယ် စာရေးရမှာပျင်းတယ် အဲ့တာကဘာမှမဟုတ်သေးဘူး စာမေးပွဲဆိုတာကလာအုံးမယ် စဥ်းစားကြည့်စမ်းပါ ငါဘယ်လောက်ပျင်းနေမလဲဆိုတာ ဒှကြားထဲ ဟိုကောင် ထူးလင်းကကျောင်းမလာဘူး"

"အင်း ငါကမင်းထက်ပိုပျင်းတယ် "

"မိုက်တယ် အဲ့တာကြောင့် မင်းကိုချစ်နေရတာ ဒါနဲ့ခွန်းစစ်ငယ်က ဒီနေ့ တစ်မျိုးပဲသိလား "

မိုးနောင်က ခွန်းစစ်ငယ်ဘက်သို့လှည့်ကာ ပြောနေ၍ ကောင်းလည်းကြည့်မိလိုက်သည်။အရင်ကဆို အနားကိုခဏခဏရောက်လာတတ်သည့် ခွန်းစစ်ငယ်က ဒီနေ့ သူ့အနားကိုမကပ်။ ဒါလည်းကောင်းသည်။နို့မို့ဆို သူ့ပြဿနာတွေနဲ့တင် ခေါင်းနောက်လွန်းလို့။

"ဘောလုံးသွားကန်ရအောင်ကွာ "

"ညစ်ပတ်လိမ့်မယ်"

"ဟျောင့် အများကြီးမစဥ်းစားနဲ့ ဒီတစ်ချိန်ပြီးရင် ကျောင်းဆင်းပြီ လိုက်မှာမို့လား"

မိုးနောင်ဆိုတာ ထိုသို့ပင်။ ကောင်းလင်းခေတ် ကျောင်းပြောင်းလာကတည်းက ငယ်သူငယ်ချင်းတွေလို ခင်တွယ်ပေးသည့်ကောင်လေး။ အရပ်က ကောင်းထက်ပိုထွားပြီး အသားညိုသည်။ ကောင်းပင်ပြန်ဖြေချိန်မရလိုက်ဘဲ မိုးနောင်ကကောင်းကိုဆွဲခေါ်သွားတော့၏။

ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံWhere stories live. Discover now