Unicode
Zawgyiနှစ်အနည်းငယ်ကြာသော်....။
ဒီနှစ်တွေအတွင်း မြန်မာနိုင်ငံကအတော်ကိုပြောင်းလဲသွားသည်။ဒေါ်ခေတ်ခြယ်နှင့်အတူဂျပန်ကိုလိုက်သွားသော ကောင်းလင်းခေတ်သည်လည်း ပြောင်းလဲနေပြီ။ကောင်းဂျပန်မှာကျောင်းတက်တော့ မိုးနောင်နှင့်ထူးမင်းပါ လိုက်လာကြ၏။ ခုဆိုရင်် သုံးယောက်လုံးကျောင်းပြီး၍ မြန်မာနိုင်ငံကိုပြန်လာကြပြီဖြစ်သည်။
ထူးမင်းသည် သူ့အဖေအလုပ်တွေဝိုင်းကူနေသော်လည်း ကောင်းလင်းခေတ်နှင့်မိုးနောင်ကတော့ အားတိုင်းclubတက်သည်။ရန်ဖြစ်သည်။barသွားသည်။ပျင်းရင် ကားမောင်းပြိုင်သည်။ဆယ်ဆန်းအောင်တုန်းက ဆုရထားသည့် ပြိုင်ကားလေးကလည်း ကောင်းသွားသည့်နေရာတိုင်းပါ၏။
တစ်ခါတစ်ရံမိုးနောင်အနားတွင်မြဲတည်ခကိုတွေ့ရတတ်ပြီး ထိုအချိန်များတွင် မိုးနောင်တစ်ယောက်မခုတ်တတ်သည့်ကြောင်လေးလိုပင်။ထူးမင်းဆိုလျှင်လည်း သူ့ထက်တစ်နှစ်ငယ်သည့် ပျို့ရည်ဆိုသောကောင်မလေးနှင့်စေ့စပ်ထား၏။
သူငယ်ချင်းသုံးယောက်ဆုံဖြစ်တိုင်း clubတွင်သာ။ဆုံတိုင်းလည်း တစ်ခြားအဖွဲ့နှင့်ရန်မဖြစ်ရဘူးဆိုတာမရှိ။အဆိုးဆုံးက ကောင်းလင်းခေတ်ဖြစ်သည်။ကောင်းလင်းခေတ်သည် အရင်ကထက်ပိုပြီးချစ်စရာကောင်းလာသည်မှာသိသိသာသာ။ထို့ကြောင့်လည်း ရိသဲ့သဲ့လာလုပ်သူများက ဒုနဲ့ဒေး။
ထိုအခါများတွင် သူငယ်ချင်းဖြစ်သူကိုလာထိသည့် မိုးနောင်နှင့်ထူးမင်းက ငြိမ်ခံမနေ။သို့သော်လည်းနောက်ဆုံးတွင်ကောင်းလင်းခေတ်၏ လက်နှင့်အဆုံးသတ်လိုက်ရသည့်ရန်ပွဲချည်းသာ။အချုပ်ခန်းတွင် အိပ်ရပေါင်းလည်းမနည်းတော့။
ဒီနေ့တော့ကောင်းဘယ်မှမသွားချင်တာမို့ အိမ်တွင်သာရှိနေသည်။အမေဖြစ်သူကိုဖုန်းမဆက်ရတာကြာနေပြီကြောင့် ဆက်လိုက်တော့
"ဟယ်လို ကလေး"
ချက်ချင်းပြန်ဖြေလာသည်မို့ ကောင်းကျေနပ်ရသည်။
"မာမီ့ကိုလွမ်းနေတာ "
"သွားပါ ရန်ကုန်မှာသောင်းကျန်းတာဝသွားပြီလားဟင် ကိုယ့်ကိုတောင်ဖုန်းဆက်ဖော်မရဘူး"
YOU ARE READING
ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံ
Fantasyသူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။