6

1.3K 63 6
                                    

Unicode
Zawgyi

"အတန်းချိန်လစ်ရတာ သိပ်ကိုမှ ပျော်ခဲ့ရဲ့လားကောင်းလင်းခေတ်"

အသံလာရာကိုကြည့်လိုက်တော့ ကုတ်ကိုဘယ်ဘက်လက်တွင်ချိတ်ထားပြီး ညာဘက်လက်ဖြင့် နက်ခ်တိုင်ကိုလျှော့နေသည့် ဦးတည်။ ဦးတည်က သူ့အနားကိုလျှောက်လာကာ သူ့ရှေ့တွင်ရပ်လိုက်သည်။ ကောင်းလင်းခေတ် ဦးတည်ကိုမော့မကြည့်ဖြစ်။ဦးတည်ရဲ့ မျက်ဝန်းတွေကိုရင်မဆိုင်ရဲတာဆိုရင် ပိုမှန်လိမ့်မည်။

"ဦးတည် ကိုကိုကလေ.."

"ငယ် ဝင်ပြောစရာမလိုဘူး ဘာကြောင့်အတန်းချိန်လစ်ရတာလဲ ရှင်းစမ်းပါအုံး"

"....."

ကောင်းက ပြန်မဖြေဘဲ ခွန်းစစ်ငယ်ကိုသာမော့ကြည့်လိုက်သည်။ ငယ့်ရဲ့ မျက်ဝန်းတွေထဲတွင် ပြောရမည်ကို ရှက်နေဟန်ဖြစ်နေသည်မို့ ကောင်းဘာမှမပြောဘဲ ခေါင်းကိုသာငုံ့နေလိုက်၏။

"ပျော်ခဲ့လားလို့မေးနေတယ် ကောင်းလင်းခေတ် "

"ပျော်ခဲ့ပါတယ် ဦးတည်"

"ဘာ!!"

အခုဒီကောင်လေးသူ့ကို အရွဲ့တိုက်နေတာလား။ ခခဖုန်းဆက်ခဲ့တုန်းက တစ်ကယ်ကိုဒေါသထွက်သွားတာ။ ကိုယ်ကကျောင်းဥက္ကဌဖြစ်နေပြီး ကိုယ့်အိမ်က ကလေးက အတန်းလစ်တယ်တဲ့လေ။ ဒေါသကိုချိုးနှိမ်ပြီး မေးလိုက်ပေမယ့် ထိုကောင်လေးက အရွဲ့တိုက်နေ၏။

"အဲ့တော့ မင်းမှာအပြစ်မရှိဘူးလို့ပြောချင်တာလား ဟုတ်လားကောင်းလင်းခေတ်!!"

"ဟုတ်ပါတယ်"

"မင်းအပြစ်ကို မင်းမသိတာလား ကောင်းလင်းခေတ် ဟမ်!! ကိုယ့်အပြစ်ကို မသိမချင်း ဒီတိုင်းဆက်နေနေ"

"....."

"ဦးတည်"

"ခွန်းစစ်ငယ်!မင်းပါ ဒူးမထောက်ချင်ဘူးဆိုရင် သွားတော့ ထမင်းစားပြီး စာလုပ်နေ"

မြတ်တည်တ့ံ ဒေါသနှင့် အော်လိုက်တော့ ခွန်းစစ်ငယ်က လန့်သွားပုံရသည်။ ဒီအိမ်ကိုစရောက်တဲ့အချိန်ကစပြီးသူ့ကို အော်မှမအော်ဖူးဘဲလေ။

အပေါ်ထပ်ကိုတက်သွားသော ဦးတည်ကိုကြည့်ကာ ငယ်စိတ်မကောင်းဖြစ်သွားရသည်။ ထို့နောက် ကောင်းဘက်ပြန်လှည့်ကာ

ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံWhere stories live. Discover now