32

1.3K 55 14
                                    

Unicode
Zawgyi

​လေယျာဥ်ကွင်းမှာနောက်ဆုံးမြင်လိုက်ရသည့် ကောင်းလင်းခေတ်၏မျက်နှာက အပြုံးများစွာဖြင့်။အကြောင်းပြချက်မရှိဘဲ လမ်းခွဲပေးဖို်ပြောလာတဲ့ ထိုကောင်လေးက တစ်ကယ်ပဲပျော်နေတယ်ထင်ပါရဲ့​ေလ။ဒီလူကသာ အလကားသပ်သပ်မယ့် အချစ်ကြီးနေတာများလား။

လွမ်းတယ်ကလေးငယ် ဒီချိန်ဆိုသူငယ်ချင်းတွေနဲ့ ပတ်ဝန်းကျင်အသစ်မှာပျော်နေပြီလား။စိတ်သွားတိုင်းကိုယ်ကမပါတော့အလုပ်လုပ်ရတာလည်း အဆင်မပြေဘူး။အရင်လိုစေ့စပ်သေချာခြင်းမရှိတော့သည့် အလုပ်ကဒီဇိုင်းခိုးမှုဖြစ်ခဲ့၏။

ထိုအခါမှတည်တ့ံစိတ်နှင့်လူနှင့်ကပ်မိသည်။ဒီတလောအလုပ်ကို တော်တော်ပစ်ထားမိတာပဲ။ဝန်ထမ်းတွေကိုလည်း အပြစ်ပြောလို့မရ။ကိုယ်ကိုယ်တိုင်က အဖြစ်မရှိခဲ့သည်ပဲလေ။အချက်အလက်တွေကိုစစ်ကြည့်လိုက်တော့ တရားခံကဘူးပေါ်သလိုပေါ်လာ၏။

မြတ်တည်တ့ံကို လျှော့တွက်ခဲ့ကြတာပဲ...။

contactမှတ်ထားခြင်းမရှိသည့် နံပတ်ကိုနှိပ်ကာခေါ်လိုက်ပြီး ဟိုတယ်တွင်ချိန်းဆိုလိုက်သည်။ပြီးမှ ကားသော့ဆွဲကာဟိုတယ်သို့ထွက်လာခဲ့လိုက်၏။ဟိုတယ်ကိုရောက်တော့ ကြိုယူထားသည့်အခန်းသို့ဝင်လာတော့ အခန်းထဲဆီးကြိုနေသည့် ခွန်းစစ်ငယ်။

"ဦးတည် ငယ့်ကိုဒီခေါ်တာဘာပြောဖို့လဲဟင်"

"ဘာပြောဖို့ဆိုတာထက် ဘာလုပ်ဖို့လဲလို့မေးရင်ပိုမုန်လိမ့်မယ်ထင်တယ်"

"ဟင်!!"

ခုချိန်ထိမသိချင်ယောင်ဆောင်နိုင်သေးတဲ့ ခွန်းစစ်ငယ်ကတစ်ကယ်ကို သရုပ်ဆောင်ကောင်းတာပဲ။တစ်ဖက်သို့လှည့်သွားသောခွန်းစစ်ငယ်၏ ကိုယ်လေးကိုနောက်ကနေပွေ့ဖက်လိုက်တော့ ခွန်းစစ်ငယ်ကတစ်ချက်တွန့်သွားသည်။ပြီးမှ တည်တ့ံဘက်သို့ပြန်လှည့်ကာ ပြုံးလျက်

"ဦးတည် ငယ့်ကို"

"ဟုတ်တယ် ကိုယ်ငယ့်ကိုလိုချင်လို့ ကောင်းလင်းခေတ်မရှိတာလည်း ကြာပြီ​ေလအလကားပါကွာ အနေနီးလို့အချစ်လို့ထင်မိသွားတာ နောက်မှသိသွားတော့လည်း ဖယ်ထုတ်ဖို့ခက်နေတာနဲ့..ခုတော့အဆင်ပြေသွားပြီကိုယ်နဲ့ငယ်နဲ့အေးဆေးပဲ"

ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံWhere stories live. Discover now