19

1.3K 56 11
                                    

unicode
zawgyi

"ဟယ်လိုအစ်မ အဲ့မှာကောင်းလင်းခေတ်ရှိလားမသိဘူး။ ကျောင်းမှာလည်းမရှိလို့"

"ဟုတ်တယ် ကလေးကအိမ်မှာရောက်နေတာ။သွားလိုက်လေ လိပ်စာသိနေတာပဲဟာ အစ်မက အရေးကြီးဧည့်သည်နဲ့တွေ့စရာရှိလို့ "

"စိတ်တော့မရှိပါနဲ့ လက်ကဘာဖြစ်သွားတာလဲ။သူဆင်းထားခဲ့တယ်ဆိုတာ ဟိုရောက်မှသိလိုက်လို့"

"အရိုးအက်သွားတယ်ပြောတာပဲ ဆရာဝန်ကသုံးပတ်လောက်ကြာမယ်တဲ့။ မြတ်တည်တ့ံသွားလိုက်တော့နော် ဧည့်သည်တွေရောက်လာပြီမို့"

"ဟုတ်ကဲ့"

ဖုန်းချပြီးသည်နှင့် အိမ်ပေါ်ထပ်ကနေဆင်းလာခဲ့လိုက်သည်။ ခြံထဲတွင် အောင်မျိုးက ပန်းပင်တွေကိုရေလောင်းနေ၏။ကောင်းကောင်းမရှိတော့ ထိုပန်းလေးတွေကိုအောင်မျိုးကသာ ဂရုစိုက်ပေးရှာသည်။ ကောင်းကောင်းဆီသွားရန် ကားစက်နိုးပြီးသည်နှင့် ဒေါ်ခေတ်ခြယ်၏အိမ်သို့ ဦးတည်လိုက်သည်။

မြန်တည်တ့ံ မနေ့ညက ညတွင်းချင်းပင် ရန်ကုန်သို့ပြန်ချလာခဲ့လိုက်သည်။ ရောက်ရောက်ချင်းတွင် မနက်ဝေလီဝေလင်းအချိန်သာရှိသေးသော်လည်း ေကျာင်းအိပ်ဆောင်၌ ကောင်းကောင်းကို သွားရှာခဲ့သေးသည်။ ကျောင်းစောင့်က အကုန်လုံးခရီးကိုလိုက်သွားတယ်ဟု ပြောသောကြောင့်အိမ်ကိုသာအရင်ပြန်လာခဲ့လိုက်၏။

အိမ်ရောက်တော့လည်း စိတ်ကမအေးနိုင်သေး။ ချာတိတ်ဆီကိုသာစိတ်ကရောက်​ေနသည်ကြောင့် အိပ်လို့လည်းမရ။ ကော်ဖီခါးခါးတစ်ခွက်ကို ဇိမ်ခံသောက်ရင်း ထိုနေ့က ကောင်းကောင်းကို ​အော်လိုက်မိသည့်အကြောင်းကမြင်ကွင်းထဲတွင် တရိပ်ရိပ်ပေါ်လာလေသည်။

သူအော်လိုက်လို့ မျက်နှာပျက်သွားတဲ့ကောင်းကောင်းကို သူဘာကြောင့်များ ထားပစ်ရက်ခဲ့တာလဲ။ ချာတိတ်တစ်ယောက်တော့ သူ့ကိုမှအတွေ့ခံပါ့မလားလေ။အတွေးတွေကိုနယ်ချဲ့ရင်းနှင့် ဒေါ်ခေတ်ခြယ်အိမ်ရှေ့သို့ပင်ရောက်လာလေပြီ။ ကားကိုအထဲသို့မောင်းမဝင်တော့ဘဲ အပြင်တွင်သာရပ်ထားလိုက်ပြီး အိမ်ထဲကိုဝင်လာခဲ့လိုက်တော့ အသက်50အရွယ် ယောက်ျားကြီးတစ်ယောက်ကိုတွေ့လေသည်။

ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံWhere stories live. Discover now