Unicode
Zawgyiသကြင်္ န်တွင် အောင်မျိုးတို့ရွာကိုအလည်သွားချင်သော ကောင်း၏ပူဆာမှုကိုလိုက်လျောပေးခဲ့၏။အောင်မျိုးတို့ရွာက ချောင်းဦးနဲ့ မုံရွာကြားမှာရှိတဲ့ ခင်မွန်ဆိုတဲ့ရွာလေး။ ထိုနားတစ်ဝိုက်တွင်တော့ ခင်မွန်ရွာကအကြီးဆုံးပင်။ကျေးရွာတွေရဲ့ဓလေ့အရလယ်ယာစိုက်ပျိုးရေးကိုသာ ဦးစားပေးလုပ်ကိုင်ကြ၏။ စပါးရိတ်ပြီးသည်နှင့် ပဲ၊နှမ်းစတာတွေကိုစိုက်ပျိုးကြပြန်သည်။
မြတ်တည်တ့ံတို့ ထိုရွာကိုရောက်နေသည်မှာ သုံးရက်မျှပင်ရှိလေပြီဖြစ်ရာ နောက်နေ့ဆိုလျှင်ပင် သကြင်္ န်အကြိုနေ့သို့ရောက်လေပြီ။ ကောင်းလင်းခေတ်က စကားနည်းပေမယ့် လူချစ်လူခင်တော့ပေါသည်။ ခုလည်းလှခင်နဲ့မီးဖိုချောင်မှာ ဘာတွေပြောနေကြမှန်းမသိ။
"ကောင်းကောင်း ညနေစာဘာစားချင်လဲစားချင်တာပြော အစ်မရှယ်ချက်ကျွေးမယ်သိလား"
"ကျွန်တော်..."
ကောင်းလင်းခေတ်က တစ်ခုခုကိုအဖြေမရသလို တွေးနေ၏။ လှခင်မှာတော့ ကောင်းပြောမည့်စကားကို အာရုံစိုက်ကာ နားထောင်နေလေရဲ့။
"ကျွန်တော်ဟိုဟင်းစားချင်တာ ဘာလဲဝက်သားနပ် ဟုတ်တယ်ဝက်သားနပ်"
"အော် ကောင်းကောင်းရယ်အဲ့တာများ တော်တော်စဥ်းစားလိုက်ရတယ်နော် "
"မေ့သွားလို့ "
"ဟုတ်ပါပြီ ဒါဆိုအပြင်ထွက်နေနော် ကောင်းကောင်းကရေချိုးထားပြီးပြီ အစ်မပဲချက်လိုက်တော့မယ်"
"ဟုတ်"
လှခင်သည် ဟင်းချက်ရန် မီးဖိချောင်ထဲတွင်တကုတ်ကုတ်နှင့် အလုပ်ရှုပ်နေတော့၏။ ကောင်းလည်း မီးဖိုချောင်မှထွက်ကာ အိမ်ရှေ့ကွပ်ပျစ်တွင်ထိုင်နေသည့် မြတ်တည်တ့ံအနားတွင်ဝင်ထိုင်ကာ ပဲကြော်အား နှိုက်စားနေသည်မှာ တကြွပ်ကြွပ်နှင့်။
မီးဖိုချောင်နှင့်အိမ်ကို မျက်စောင်းထိုးဆောက်ထားသည်မို့ ကောင်းတို့ကိုလှခင်လှမ်းမြင်နေရသည်။ ပဲမကြိုက်သည့် အစ်ကိုလေးက ကောင်းခွံ့သည့်ပဲကြော်ကိုတော့ မျက်နှာတစ်ချက်မပျက်ဘဲ အခွံ့ခံ၏။ အရင်က ညီတစ်ယောက်လို အစ်ကိုတစ်ယောက်လို ဂရုစိုက်ပေးခဲ့တာလို့ ထင်ခဲ့ပေမယ့် ကြာလာတာနဲ့အမျှနှစ်ယောက်သရဲ့ဆက်ဆံရေးကိုသတိထားမိလာသည်။
YOU ARE READING
ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံ
Fantasyသူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။