Unicode
Zawgyi"ဟုတ်ပြီ ဒါဆိုရင်စာချုပ် ချုပ်ဖို့ကျွန်တော့်အတွင်းရေးမှူးကိုလွှတ်လိုက်ပါ့မယ် "
"ကောင်းပြီလေ ဒါဆိုရင်ကျွန်တော့်ကိုခွင့်ပြုပါအုံး "
"ကောင်းပါပြီဗျာ "
တည်တ့ံ ဒီနေ့အရေးကြီးတွေ့ဆုံရန်ရှိသည်မို့ စာမေးပွဲဖြေမည့်ကောင်းကောင်းကိုပင် လိုက်မပို့အား။ဒီနေ့ကစာမေးပွဲဖြေသည့်နောက်ဆုံးနေ့။ ထို့ကြောင့် တည်တ့ံကောင်းလင်းခေတ်ကိုကြိုပြီး ဆိုင်တစ်ဆိုင်တွင်နေ့လည်စာစားကြရန် စဥ်းစားမိခြင်း။ LK company မှထွက်လာပြီးသည်နှင့် ကားအဖြူလေးထံဦးတည်သွားလိုက်၏။
စာမေးပွဲဖြေပြီးရင် သွားချင်တဲ့နေရာလိုက်ပို့မယ်လို့ ပြောထားတာ ။ထိုကောင်လေး သွားမယ့်နေရာကိုကြိုတွေးထားပြီလား။ဒါမှမဟုတ်မတွေးရသေးဘူးလား။ အောင်မျိုးတို့ရွာကို လိုက်သွားချင်တယ်လို့ပဲ ပြောလေမလား။ ဒါနဲ့နေ့လည်စာကိုဘယ်ဆိုင်သွားရင် ကောင်းမလဲ။မနက်တုန်းက ခေါင်းကိုက်တယ်လို့ပြေနေသေးတာ စာမေးပွဲဖြေတာ အဆင်မှပြေရဲ့လား။
မြတ်တည်တ့ံအတွေးထဲတွင် လားပေါင်းများစွာကနေရာယူထား၏။စိုးရိမ်မှုနှင့် ကြည်နူးမှုတို့က သူ့အတွေးတွေထဲနေရာယူထားသည်မှာတစ်ဆက်တည်း။ ကားတံခါးကိုဆွဲဖွင့်ရန် ပြင်လိုက်စဥ်..
"ဦးမြတ်တည်တ့ံ"
ဟူသောခေါ်သံကြောင့် လှည့်ကြည့်လိုက်မိတော့ ချာတိတ်သူငယ်ချင်းနှစ်ယောက်။ထူးမင်းနှင့်မိုးနောင်က မြတ်တည်တ့ံအနားရောက်လာပြီး တည်တ့ံလည်း ခေါင်းညိတ်နှုတ်ဆက်ပြလိုက်သည်။
"စာမေးပွဲဖြေနိုင်ကြရဲ့လား ကြည့်ရတာ အခြေအနေကောင်းလာပုံပါပဲ "
"ဖြေနိုင်ပါတယ် ဒါနဲ့ ဦးတည်တ့ံက ဒီကို.."
"အော် ကိုယ်အလုပ်ကိစ္စနဲ့လာတာပါ ဒါနဲ့မင်းတို့နှစ်ယောက်ကရော ဒီကိုဘာလာလုပ်တာလဲ ကောင်းလင်းခေတ်ကအိမ်ပြန်သွားပြီလား"
မြတ်တည်တ့ံ ထူးမင်း၏အမေးကိုမေးခွန်းနှင့်တစ်ဆက်တည်း ပြန်မေးလိုက်၏။
YOU ARE READING
ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံ
Fantasyသူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။