extra

1.4K 46 2
                                    

Unicode
Zawgyi

ပထမဆုံးအနမ်း.....

ဒူးထောက်လျက်သားနှင့် အိပ်ပျော်သွားသော​ေကာင်လေးကိုပွေ့ချီလာခဲ့ပြီး ကုတင်ပေါ်ချပေးလိုက်သည်။ဒါတောင်ထိုကောင်လေးက 'ဦးတည်ကအကျင့်ပုပ်တယ်' ဟုကလေးဆန်စွာပြော​​ေနသေးသည်။ဘာကြောင့် ကျောင်းပျက်တယ်ဆိုတာလဲ ေမးလို့မရ။ဘာကြောင့်မှန်းမသိပေမယ့် ငယ်နဲ့တစ်ခုခုပက်သက်လိမ့်မည်ဆိုတာကိုတော့ တည်တ့ံအနည်းငယ်တော့ရိပ်စားမိသည်။

ကောင်းလင်းခေတ်က ခွန်းစစ်ငယ်ကိုရှောင်ဖယ်နေပေမယ့် ချစ်တော့ချစ်ရှာသည်။ဟိုနေ့က ခွန်းစစ်ငယ်ကို ရှိုင်းအကြောင်းပြောပြနေတုန်း ကောင်းလင်းခေတ်ဝင်လာတာကိုသတိမထားမိလိုက်။ထွက်သွားတော့မှ နောက်ကျောပြင်ကိုသာတွေ့လိုက်ရသည်။လက်သီးဆုပ်ထားပုံက တစ်ခုခုကိုစိတ်တိုနေပုံရသည်။

ဘာကြောင့်မှန်းမသိပေမယ့် ထိုကောင်လေးစိတ်ဆိုးဒေါသထွက်ရင် ရင်ထဲမှာခံစားရတဲ့ခံစားချက်က ထူးဆန်းသည်။ပြီးတော့ သူ့ကိုရှောင်ဖယ်တာကိုလည်းသဘောမကျ။ခွန်းစစ်ငယ်နဲ့အတူရှိနေရင် ပျက်သွားတဲ့ကောင်းရဲ့မျက်နှာက ဘာကြောင့်လဲဆိုတာမေးချင်မိသည်။

မြတ်တည်တ့ံ အခန်းထဲကထွက်ဖို့လုပ်တော့ ယောင်နေတဲ့ကောင်လေးဆီက အသံကိုကြားလိုက်ရပြန်သည်။

"မောင်" တဲ့။

တည်တ့ံခြေလှမ်းတို့ရပ်တန့်သွားရသည်။မောင်...မောင်ဆိုတာဘယ်သူ့ကိုပြောတာလဲ။တည်တ့ံအလိုမကျမှုကြောင့် မျက်ခုံးတို့က ထိစပ်လုမတတ်။တည်တ့ံကုတင်နားကိုပြန်လာကာ ယောင်နေသူနားကိုကပ်လိုက်သည်။

"မောင် အဟင့်!ငါ့ကိုဘာလို့ဂရုမစိုက်တာလဲ"

"ဘယ်ကမောင်လဲ"

"ေမာင် ငါ့ရဲ့မောင် မောင့်ကိုချစ်တယ်သိလား"

ချွေးစေးတို့ပြန်ကာ ယောင်နေပုံက စိတ်မသက်သာစရာကောင်းလှသည်။အပြင်မှာလည်း မိုးတွေကသည်းကြီးမည်းကြီးရွာချနေသည်မှာခုထိမရပ်သေး။

"ဘယ်သူလဲလို့မေးနေတယ် ကောင်းလင်းခေတ်"

"မောင် တည်တ့ံကငါ့ရဲ့မောင်"

You've reached the end of published parts.

⏰ Last updated: Feb 05 ⏰

Add this story to your Library to get notified about new parts!

ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံWhere stories live. Discover now