29

1.1K 53 12
                                    

Unicode
Zawgyi

ဆေးရုံကုတင်ပေါ်တွင်လှဲလျောင်းနေသည့် ကောင်းလင်းခေတ်၏လက်ကို ဆုပ်ကိုင်ကာ အမြန်သတိရလာပေးရန် တဖွဖွပြောနေသည့်မြတ်တည်တ့ံက တစ်ညလုံးမအိပ်ရသေးတာကြောင့် မျက်လုံးတစ်ဝိုက်တွင်အနည်းငယ်ညိုနေ၏။မနေ့ကနေ့လည်ကတည်းက သတိလစ်နေသည့်ကောင်းလင်းခေတ်က ခုထိသတိမရသေး။

"အင်း..ဟင်း"

"ကလေး သတိရလာပြီလား ဘယ်လိုနေသေးလဲ "

ကောင်းလင်းခေတ်က လှုပ်လှုပ်ရှားရှားဖြစ်လာသည်မို့ တည်တ့ံမေးလိုက်ခြင်းဖြစ်သည်။

"ဟင် ရေဆာလား"

မြတ်တည်တ့ံသည် ကုတင်ကိုအနည်းငယ်မတ်စေလိုက်သည်။ပြီးမှ ရေခွက်ထဲသို့ရေအနည်းငယ်ထည့်ကာ ကောင်း၏နှုတ်ခမ်းနားတေ့ပေးလိုက်၏။ကောင်းကတစ်ငုံသာသောက်လိုက်ပြီး တည်တ့ံကိုတစ်ခုခုပြောချင်နေပုံပင်။

"ကလေး ဘာပြောချင်လို့လဲ ဗိုက်ဆာနေပြီလား ဟုတ်သားပဲမနေ့တုန်းကနဲ့ဆိုတော့ဆာလောက်ရောပေါ့ ခဏနော် ကိုယ်ကောင်းကောင်းနိုးလာရင်စားဖို့ကြက်သားဘာဂါပြန်ဝယ်ထားတယ် အဲ့ဒါစားမလား ဒါမှမဟုတ်တစ်ခြားဟာပြန်ဝယ်ပေးရမလား သောက်စရာကရော ဘာဝယ်ခဲ့ရမလဲ"

စကားတွေကရပ်နားခြင်းမရှိဘဲ ပြောနေသည့်မြတ်တည်တ့ံက ကောင်းလင်းခေတ်ရဲ့လက်တွေကိုတော့အလွတ်မပေး။ဆုပ်ကိုင်မြဲသာ။ကောင်းလင်းခေတ်သည် သက်ပျင်းတစ်ချက်ချကာ

"လမ်းခွဲရအောင် ဦးတည်"

ဆုပ်ကိုင်ထားသောလက်ဖဝါးကို ပို၍တိုးကာ ဆုပ်ကိုင်လိုက်မိသည်အထိ။

"ဟင်!! ဘာ..ဘာတွေပြောနေတာလဲ ဒီကလေးဗိုက်ဆာလွန်တာနဲ့လျှောက်ပြောနေပြန်ပြီ"

"ကျွန်တော်ဗိုက်မဆာဘူး ဦးတည်..ပြီးတော့လျှောက်ပြောနေတာလည်းမဟုတ်ဘူး"

"ဒါဆိုဘာလို့လည်း အာ..ကိုယ်မနေ့ကဘာဂါဝယ်တာကြာသွားလို့စိတ်ကောက်နေတာလား အဲဒါဆိုရင်ကိုယ်တောင်းပန်ပါတယ်ကွာ ရှေ့မှာသုံးယောက်တောင် စောင့်..."

"မဟုတ်ဘူးလို့!!"

"ကောင်းလင်းခေတ်"

မြတ်တည်တ့ံပါးပြင်ထက်တွင်ပူနွေးနွေးအရာတစ်ခုကဖြတ်စီးသွား၏။တည်တ့ံ၏မျက်ရည်ကိုမြင်တော့ ကောင်းလည်းမျက်နှာလွှဲလိုက်မိသည်။ကောင်းမျက်ရည်ကိုဦးတည်ရဲ့ရင်ခွင်ထဲမှာ စိတ်ကြိုက်ကျဆင်းခွင့်ပြုပေမယ့် ကောင်းကတော့ဦးတည်မျက်ရည်ကျမှာမမြင်ချင်ဆုံးပဲ။

ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံWhere stories live. Discover now