unicode
zawgyiသကြင်္ န်ပိတ်ရက်မို့ အိမ်တွင်ဦးတည်လည်းရှိနေသည်။ အစ်ကိုအောင်မျိုးတို့ မောင်နှမနှင့် ကြီးကြီးက မုန့်လုပ်ရန် အလုပ်ရှုပ်နေကြသော်လည်း ကောင်းကောင်းတစ်ယောက်ကတော့ သကြင်္ န်လည်သွားဖို့ ခွင့်တောင်းရန်အခက်တွေ့နေ၏။အပြင်သွားရန် ဦးတည်အလစ်စောင့်နေသော်လည်း ဘယ်မှမသွားဘဲ ဧည့်ခန်းတွင်သာ သတင်းစာထိုင်ဖတ်နေသည်လေ။
ထမင်းစားခန်းထဲရှိ စားပွဲနားကကြမ်းပြင်ပေါ်တွင် တင်ပျင်ခွေထိုင်ပြီး မုန့်နှစ်ကို စိတ်မပါလက်မပါ လုံးနေသော ကောင်းကောင်းကိုကြည့်ပြီး တည်တ့ံပါစိတ်ရှုပ်လာရသည်။ ဒီကောင်လေးကို ခုနကတည်းကကြည့်နေတာ စိတ်မပါသည်မှာ အတိုင်းသား။ဒီလိုနဲ့ မုန့်လုံးရေပေါ်က မုန့်ချွန်ရေငုတ်ဖြစ်တော့မည်။
"ကောင်းကောင်း"
ခေါ်လိုက်တော့လည်း မော့ကြည့်လာပြီး မျက်တောင်ကိုခတ်ပြနေသေးသည်။
"စိတ်မပါလည်း လုပ်မနေနဲ့ လှခင်လုပ်လိမ့်မယ် မင်းလုပ်နေတာကိုကြည့်ပြီး ကိုယ်ပါစိတ်ရှုပ်ရတယ် "
"ဘယ်သူကကြည့်ခိုင်းေနလို့လဲ"
တိုးညင်းစွာ ထွက်ပေါ်လာသော အသံကိုတော့ တည်တ့ံမကြားဖြစ်ခဲ့။ ထထွက်သွားပြီး ဘေစင်ရှိရာသို့သွားကာ လက်ကိုစင်ကြယ်အောင်ဆေးလိုက်သည်။ ပြီးမှ အပြင်ကိုပြန်ထွက်လာခဲ့လိုက်သည်။
"ဦးတည် "
"ပြောချာတိတ် ကိုယ်နားထောင်နေတယ်"
ဦးတည်က သတင်းစာဖတ်နေရင်းမှ ပြန်ဖြေလာ၏။
"ကျွန်တော့်နာမည် ကောင်းလင်းခေတ်ပါဦးတည် ချာတိတ်မဟုတ်ပါဘူး"
ကောင်းပြောလိုက်တော့ မျက်မှောင်ကျုံ့ကာကြည့်လာပြီး ဟက်ကနဲရယ်ချလိုက်၏။ ဒါဘာလဲ။သူ့ကိုအလကားနေလာလှောင်နေတာလား။ ရယ်နေသည့်အချိန် ပေါ်လာသည့် ပါးချိုင့်က ပါးနှစ်ဖက်လုံးမဟုတ်ဘဲ ညာဘက်ပါးတွင်သာ ရှိနေသည်။ ကောင်းကောင်းခဏတော့ငေးမောသွားရသည်။ အဲ့ဒီအပြုံးမျိုးကို လွန်ခဲ့တဲ့လေးနှစ်တုန်းကလည်း တွေ့ဖူးခဲ့သော်လည်း အခုကပိုပြီးကြည့်ကောင်းနေသည်ကိုတော့ ဝန်ခံရမည်။
YOU ARE READING
ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံ
Fantasyသူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။