unicode
zawgyiမနက်စောစော နေမင်းကြီးပင်မနိုးထသေးသည့် အချိန်တွင်ဖြစ်သည်။ အလင်းရောင်က တစ်ယောက်ကိုတစ်ယောက် မြင်နိုင်ရုံမျှသာ ရှိသေးသဖြင့် အားကစားလုပ်ရန်အကောင်းဆုံးအချိန်ဖြစ်ပြီး စာသင်ဆောင်၏အရှေ့ဘက်တွင်ရှိသော ကွင်းပြင်တွင် အဆောင်နေကျောင်းသားကျောင်းသူများက အားကစားဝတ်စုံများဖြင့် အသီးသီးရပ်နေကြလေသည်။ ကျောင်းသားတွေစုံပြီဆိုမှ အားကစားနည်းပြဖြစ်သူ မြဲတည်ခသည် ကွင်းထဲသို့ ရောက်ရှိလာ၏။ မြဲတည်ခကိုမြင်သည်နှင့် မျက်နှာကြီးဆူပုတ်သွားရသူက မိုးနောင်ပင်။ မိုးနောင် ဘာကြောင့်များ မြဲတည်ခကိုအမြင်မကြည်ရသလဲဆိုသည်ကိုတော့ သူကိုယ်တိုင်တောင် သိမည်မဟုတ်။
မြဲတည်ခ ကွင်းထဲရောက်လာသည်နှင့် ကျောင်းသားကျောင်းသူများက နှုတ်ဆက်ကြသည်။ မိုးနောင်မှာတော့ ပွစိပွစိနှင့်ဘာတွေပြောမှန်းမသိ။
အာ့!။
မိုးနောင်ထံမှ နာကျင်မှုကြောင့်ထွက်ပေါ်လာသော အသံဖြစ်ပြီး မိုးနောင်ကကောင်းကိုစောင်းကြည့်ကာ
"လင်းခေတ်ဘာလုပ်တာလဲ"
ဂုတ်ပိုးလေးပွတ်ကာ မေးလာသည့် မိုးနောင်ကို ထူးမင်းကပါ နောက်တစ်ချက်တွယ်လိုက်လေတော့ မိုးနောင်မျက်နှာရှုံမဲ့သွားရတော့သည်။ လူကောင်သေးလို့အချော့ပေးထားတာကို နှစ်ယောက်သားရောင့်တတ်နေကြတာ။
"မင်းကိုပြောရမှာ ဘာဖြစ်နေတာလဲ မလုပ်ချင်လည်း စာသွားလုပ်နေ အာရုံကိုနောက်တယ် "
"ချီးတဲ့မှ စာမလုပ်ချင်လို့လာပါတယ်ဆိုမှပဲ"
"အဲ့တာဆို ကောင်းကောင်းနေ "
စကားပြောနေခိုက် ကျောင်းသားကျောင်းသူတွေက နေရာယူနေကြပြီမို့ သူတို့သုံးယောက်လည်း နေရာအသီးသီးယူလိုက်ကြသည်။ အားကစားနည်းပြက မြဲတည်ခအပြင် နောက်ထပ်ဆရာေလးယောက်ပါ ကွင်းထဲတွင်ရှိနေပြီး ရှေ့နောက်နေရာယူထားကြလေသည်။ပထမဆုံးအနေနှင့် အကြောလျှော့လေ့ကျင့်ခန်းလုပ်ရသည်။ ထို့နောက်ဆရာတွေက ကွင်းပတ်ပြေးရန် နှစ်ယောက်တစ်တွဲတွဲစေလိုက်သည်။ ထူးမင်းနှင့်ကောင်းကတစ်တွဲ၊ရှန်ယံနှင့် ခွန်းစစ်ငယ်ကတစ်တဲဲြဖစ်ပြီး မိုးနောင်တစ်ယောက်တည်းသာ ကျန်နေခိုက် ကောင်မလေးတစ်ယောက်က မိုးနောင်အနားသို့ရောက်လာ၏။
YOU ARE READING
ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံ
Fantasyသူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။