17

1.1K 50 2
                                    

unicode
zawgyi

လူတိုင်းသိထားကြသည်က ကောင်းလင်းခေတ်ဟာ ဦးမင်းလွင်၏မယားငယ် ေဒါ်မေလင်း၏တစ်ဦးတည်းသောသားဟုသာ သိထားကြသည်။ အမှန်တော့ ထိုသို့မဟုတ်ခဲ့။ ဦးမင်းလွင်က အိမ်ထောင်ရှိပါလျက်နှင့် ဒေါ်မေလင်းကို အပိုင်ကြံရန်ကြိုးစားခဲ့ဖူးသည်။ ထိုစဥ်က မေလင်း၏မိခင်ကြောင့် မအောင်မြင်ခဲ့ပေ။ မေလင်း၏မိခင်ဆုံးပါးသွားလေတော့ ထိုအကြံအစည်ကိုအကောင်အထည်ဖော်ရန်ကြိုးစားခဲ့ပေမယ့် မေလင်းက ပျောက်ချင်းမလှ ပျောက်သွားခဲ့​ပြန်သည်။ကလောသို့အလုပ်ကိစ္စနှင့် သွားရာမှမေလင်းကိုပြန်တွေ့ခဲ့တာဖြစ်သည်။

မှောင်ရီပျိုးစအချိန်တွင် ဦးမင်းလွင် ေမလင်းနေထိုင်ရာအိမ်သို့ သွားရောက်ခဲ့သည်။ အရက်သောက်ထားသည့်အရှိန်ကြောင့် ခြေလှမ်းတို့ကယိုင်နဲ့နေကာ အိပ်ခန်းထဲရှိနေသူကမည်သူမှန်းပင် သဲသဲကွဲကွဲမမြင်ရ။ ရေချိုးပြီးစမို့ ထမိန်ရင်ချားနှင့်သူမက သူ့စိတ်အစုံကို ဆွဲဆောင်နေသည်။ ဦးမင်းလွင်အတပ်ထင်လိုက်သည်က မေလင်းပဲဟူ၍။ အမှန်က မေလင်းမဟုတ်ခဲ့။မေလင်းကအလုပ်နောက်ကျသည်မို့ အိမ်တွင်ခေတ်ခြယ်ကသာအမြဲကြိုရောက်နေတတ်သည်။

အရပ်သိပ်မကွာတာမို့ ဦးမင်းလွင်က မေလင်းဟုထင်မှားခြင်းပင်။ ခြေတော်တင်ပြီးသည်နှင့် ညတွင်းချင်းပင်ဟိုတယ်သို့ပြန်သွားသော ဦးမင်းလွင်သည် သာသာယာယာနှင့် နောက်နေ့တွင်အိမ်သို့ပြန်သွားခဲ့လေသည်။ အကျိုးဆက်အနေနှင့်ခေတ်ခြယ်တွင် ကိုယ်ဝန်ကျန်ထားခဲ့​ခြင်းပင်။ အဆိုးထဲကအကောင်းဟုသာ မှတ်ယူခဲ့ကြပြီးထိုကလေးကိုပျော်ရွှင်စွာပဲ ပြုစုစောင့်ရှောက်ခဲ့ကြသည်။

ခေတ်ခြယ်အိမ်ပြန်သွားသည့်နောက်မှ မေလင်းလည်း ဇာတိကိုပြန်လာခဲ့ပြီး တစ်ယောက်တည်းရုန်းကန်ရင်း ကလေးကိုစောင့်ရှောက်ခဲ့သည်။ ဦးမင်းလွင်က ဆိုင်းမဆင့်ဘုံမဆင့်ရောက်ရှိလာပြီး ကလေးကို သူ့ကလေးဟု အသိအမှတ်မပြုဘူးတဲ့လေ။ဘယ်သူကရောဂရုစိုက်နေလို့လည်း။ ဦးမင်းလွင်ကြောင့်ပဲ ဒေါ်ရိပ်ငယ်က သူ့ယောက်ျားကိုမြူဆွယ်ပါသည်ဟု အိမ်တွင်လာရောက်သောင်းကျန်းသွားလေသည်။ထိုအချိန်တုန်းက ကောင်းလင်းခေတ် ပထမတန်းရောက်နေပြီမို့ ဒေါ်ရိပ်ငယ်၏ပြောဆိုသောင်းကျန်းပုံကို မှတ်ဉာဏ်ထဲတွင် ယနေ့တိုင်အမှတ်ရနေဆဲ။

ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံWhere stories live. Discover now