unicode
zawgyiC cafe ထဲသို့ဝင်လာသော မြတ်တည်တ့ံ၏ခြေလှမ်းတို့က ပုံမှန်အရှိန်ဖြင့်သာ လျှောက်လှမ်းလာလေသည်။ တည်တ့ံက လမ်းလျှောက်နေရင်း တစ်လုံးတည်းတပ်ထားသည့် ကုတ်မှကြယ်သီးကိုဖြုတ်လိုက်၏။ ပြီးမှ ခြေလှမ်းတို့ကို ခေတ္တရပ်လိုက်ပြီး ဆိုင်ထဲဝေ့ကြည့်လိုက်သည်။ နက်မှောင်သော ဆံနွယ်ရှည်တို့ကို ဆံစည်းကွင်းဖြင့် စည်းနှောင်ထားသည့် အမျိုးသမီး၏နောက်ကျောကိုမြင်လိုက်မှ ခြေလှမ်းတို့ကို ပြန်စတင်လိုက်သည်။ အနားကိုရောက်တော့ တည်တ့ံဘက်ကစပြီးနှုတ်ဆက်လိုက်၏။
"အစ်မခေတ်ခြယ်ဆိုတာများလား ကျွန်တော်မြတ်တည်တံ့ပါ"
"အိုး ဟုတ်ပါတယ် ကိုယ်ခေတ်ခြယ်ပါ ထိုင်ပါအုံး"
သုံးနှုန်းလာသော ကိုယ်ဟူသည့်နာမ်စားလေးကြောင့် တည်တ့ံမျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။ ကိုယ့်ထက်ရှစ်နှစ်ကြီးသည့် အမျိုးသမီးထံမှ ကိုယ်ဟူသော နာမ်စားကိုကြားလိုက်ရသည့် တည်တ့ံအဖို့ ထိုအမျိုးသမီးကို ရှိန်နေမိတာတော့အမှန်ပင်။ လူတွေရှိန်အောင် တမင်များထိုနာမ်စားကိုသုံးလေသလား။
" ဟုတ်ကဲ့ ကျွန်တော်မေးချင်တာလေးရှိလို့ ချိန်းလိုက်ရတာပါ ဟိုအစ်မခေတ်ခြယ်အားရောအားရဲ့လား"
"ကိုယ်အားပါတယ် ကလေးရဲ့အကြောင်းပဲထင်တယ် ဟုတ်ရဲ့လား"
"...."
တည်တ့ံပြန်မဖြေဘဲ ပြုံးရင်းခေါင်းညိတ်ပြလိုက်မိသည်။ ဒါဆိုသေချာနေတာပေါ့။ချာတိတ်သောင်းကျန်းရတဲ့အထိ ဖြစ်တဲ့ကိစ္စက ဒေါ်ခေတ်ခြယ်ကြောင့်ဆိုတာ ။ဘယ်လိုအကြောင်းကြောင့်များ ချာတိတ်ကမေ့လဲသည်အထိ ငိုခဲ့ရတာပါလိမ့်။
"မေးပါ ကိုယ်အားလုံးဖြေဖို့အဆင်သင့်ပဲ တစ်ခုတော့ရှိတယ် ကိုယ်ပြောတာကိုနားထောင်ပြီးရင် ကိုယ်တောင်းဆိုတာကို ကူညီပေးပါ"
"ကူညီနိုင်တယ်ဆိုရင်ပေါ့ ကောင်းကောင်းမျက်ရည်ထပ်ကျမယ့်အဖြစ်မျိုးဆိုရင်တော့ ခုကတည်းလက်မခံဘူးဆိုတာ ကြိုပြောထားပါရစေ"
တည်တ့ံရဲ့ စကားကိုဒေါ်ခေတ်ခြယ်က ပြုံးလိုက်သည်။ နာကျင်၍ပြုံးသည်လား သဘောကျ၍ပြုံးသည်လားဆိုတာကတော့ သူမကိုယ်တိုင်သာ သိလိမ့်မည်။
YOU ARE READING
ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံ
Fantasyသူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။