unicode
zawgyiမြတ်တည်တ့ံတစ်ယောက် ကောင်းလင်းခေတ်အားအိမ်ကိုပြန်ခေါ်ရန်မဲဆွယ်နေသည်မှာတစ်မနက်ခင်းလုံးပင်။ ဒေါ်ခေတ်ခြယ်ကတော့ ကလေးသဘောပဲဟူ၍သာ ပြောပြီးကောင်းလင်းခေတ်အဖို့ မနက်စာပြင်ပေးကာအလုပ်သို့ထွက်သွားလေရဲ့။ ကလေးမဟုတ်သူငယ်မဟုတ်နှင့် အနားတွင်တဂျီဂျီလာလုပ်နေသူကို ကောင်းအမြင်ကပ်လာရသည်။
ဒီလူအလုပ်မရှိတော့ဘူးလား။အဲ့လောက်အားယားနေပုံထောက် ဒေဝါလီခံလိုက်ရလို့ ဖြစ်လောက်မည်။ခုလည်း နန်းကြီးသုပ်စားနေသော ကောင်းလင်းခေတ်ကို အတင်းဆွဲထူနေလေ၏။
"ဦးမြတ်တည်တ့ံ မလိုက်ဘူးလို့ပြောနေတယ်နော် ဒီမှာစားလို့မပြီးသေးဘူးလို့!!"
"မရဘူးမဝသေးရင်လည်း ဟိုမှာရှယ်လုပ်ကျွေးမယ်ကွာ"
မြတ်တည်တ့ံပြောရင်း ကောင်းလင်းခေတ်၏ ကိုယ်လုံးလေးကို ဒူးကောက်ကွေးကြားလက်လျှိုဝင်ကာ ပွေ့ချီလိုက်၏။ ထို့နောက်ဦးတည်ရာက အိမ်ပြင်တွင်ရပ်ထားသည့် ကားရှိရာသို့။
"ခင်ဗျား ဘာဖြစ်ချင်နေတာလဲချပေးလို့ပြောနေတယ်နော် "
"အခါတစ်ရာနမ်းရင်ချပေးမယ် တစ်ခါကိုငါးမိနစ်နှုန်းနဲ့ လက်ခံရင် ခုစလည်းရတယ်"
"ခင်ဗျား!!"
မြတ်တည်တ့ံ ကောင်းလင်းခေတ်ပြောတာကို နားမထောင်ဘဲ ကားရှိရာကိုသာ အမြန်လျှောက်သွားလိုက်၏။ကားဆီရောက်တော့ တံခါးကအရံသင့်ဖွင့်ထားသည်မို့ ကောင်းကိုကားထဲထည့်ပြီး seat beltပါတစ်ခါတည်းပတ်ပေးလိုက်သည်။ ကောင်းစိတ်ကောက်နေပုံကိုကြည့်ကာ အသည်းယားလာသည်မို့ ပါးနှစ်ဖက်ကို ဖျစ်ညစ်လိုက်ပြီး ဆူထွက်လာသည့် နှုတ်ခမ်းရဲရဲလေးကို ပြွတ်ကနဲမည်အောင်နမ်းလိုက်တော့ ထိုချာတိတ်ကတရှူးရှူးတရှဲရဲှဲြဖစ်လာ၏။
ရှက်၍လား ဒေါသထွက်၍လားတော့မသိ။ပါးပြင်တွေရော နားတွေပါနီရဲနေသည်။ စိုက်ကြည့်နေသည့် မြတ်တည်တ့ံနှင့်မျက်လုံးချင်းမဆုံမိစေရန် တစ်ဖက်သို့မျက်နှာလွှဲထား၏။
စိတ်ဆိုးနေပါသည်ပေါ့..။ဘယ်လိုလေးလဲကွာ။
မြတ်တည်တ့ံကားထဲဝင်လာပြန်တော့ ကားပြတင်းပေါက်ဘက်သို့ မျက်နှာလှည့်လိုက်ပြန်သည်။ မြတ်တည်တ့ံမှာတော့ စိတ်ဆိုးနေသည့် ကောင်လေးကိုကြည့်ကာ နှုတ်ခမ်းစွန်းတို့ ကော့ညွှတ်သွားရသည်။ ကားစက်နိုးပြီးထွက်လာခဲ့သည့်တိုင် နှစ်ယောက်သားမည်သည့်စကားကိုမှ မဆိုမိ။
YOU ARE READING
ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံ
Fantasyသူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။