27

1.1K 54 9
                                    

Unicode
Zawgyi

ရက်သတ္တပတ်အချို့ကုန်လွန်ပြီးနောက်မှာတော့ ေအာင်စာရင်းထွက်မည့်အချိန်ကိုပင် ရောက်လာလေပြီ။နေ့လည်ကတစ်နေကုန်အိပ်ထားသဖြင့် 12နာရီထိုးတဲ့အထိတော့အေးဆေးနေလို့ရသည်။ ဆားပေါက်နေသည့်လက်ဖက်သုပ်ကို တစ်ဇွန်းပြီးတစ်ဇွန်းကော်စားနေသည့်ကောင်းလင်းခေတ်က စိတ်လှုပ်ရှားနေပုံပင်။

တစ်ခါတစ်ရံလည်း မြတ်တည်တ့ံလက်ကိုဆုပ်ကိုင်တတ်သေးသည်။ဖုန်းကိုဖွင့်လိုက်ပိတ်လိုက်နှင့် အလုပ်ရှုပ်နေသည့်ကောင်းလင်းခေတ်ကိုကြည့်ကာ ငယ်ဘဝကိုပြန်အမှတ်ရမိသည်။မြတ်တည်တ့ံအဖို့ အောင်စာရင်းထွက်တာကဒီလောက်ထိစိတ်လှုပ်ရှားရမှန်းမသိခဲ့ရိုးအမှန်။အိပ်ယာထက်တွင်Mp3တစ်လုံးနှင့်အေးဆေးနှပ်နေသည်သာ။

ကောင်းလင်းခေတ်ကိုကြည့်မှ အောင်စာရင်းထွက်တာ ဒီလောက်စိတ်လှုပ်ရှားစရာကောင်းမှန်းသိတော့သည်။ 12ထိုးပြီး ခဏကြာတော့ဖုန်းသံမြည်လာ၍တည်တ့ံကဦးစွာကောက်ကိုင်လိုက်၏။

"hello ခခ ကောင်းလင်းခေတ်အခြေအနေ"

"......."

"သူ့သူငယ်ချင်းနှစ်ယောက်တော့အောင်တယ်ပေါ့"

"......"

"အော် ဒါဆိုသူတစ်ယောက်တည်းပေါ့ "

"......"

"ဘယ်တတ်နိုင်ပါ့မလဲကွာ အင်း..ဒါပဲအိပ်တော့"

မျက်နှာအမူအရာမကောင်းသည့် ဦးတည်ကြောင့်ကောင်းဝမ်းနည်းလာသလိုပင်။ထို့နောက်တည်တ့ံက ကောင်လင်းခေတ်ကိုရင်ခွင်ထဲဆွဲသွင်းကာ ကျောပြင်သေးသေးကို ပွတ်သပ်ပေး၏။ဒါသူ့ကိုနှစ်သိမ့်နေတာ။ကောင်းဝမ်းနည်းစွာ တည်တ့ံကိုအားကိုးတကြီးပြန်၍ဖက်တွယ်ကာ အသံတိတ်ငိုချလိုက်မိသည်။

ဆယ်တန်းကျတာကဒီလောက်ထိဝမ်းနည်းရမယ်လို့ မထင်ခဲ့။ 'ဆယ်တန်းမအောင်လို့သက်သေသွားတာလေ' ဆိုသည့်စကားကြားတိုင်း ထိုသက်​သေသွားတဲ့သူတွေကိုအပြစ်တင်ခဲ့ဖူးသည်။ ကိုယ်ကြိုးစားသလောက်ဖြစ်မလာတဲ့အခါ စိတ်ဓာတ်ကျပြီး ခဏတာဖြစ်ပေါ်လာတဲ့စိတ်ဆန္ဒကိုဦးစားပေးမိသွားတာ။

ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံWhere stories live. Discover now