unicode
zawgyiမြတ်တည်တ့့ံ ရန်ကုန်ကိုပြန်ရောက်လာကတည်းက ကောင်းကောင်းတစ်ယောက် သူ့နှင်းဆီပန်းပင်ကို အရိပ်တကြည့်ကြည့် လုပ်နေသည်မှာ နေ့တိုင်း။ကြာလာတော့ အမြင်ကပ်လာရပြီ။ကုမ္ပဏီသို့် သွားရန်ပြင်နေသော မြတ်တည်တ့ံသည် suitအနက်ဖြင့် သန့်ပြန့်နေပြီး လက်ဆွဲအိတ်ကိုလက်ကကိုင်ထားရင်း ပန်းခြံထဲသို့ တစ်ချက်လှမ်းကြည့်လိုက်၏။
ကောင်းကောင်းကိုတော့မတွေ့။ကောင်းကောင်းအစား အောင်မျိုးကိုသာတွေ့သည်မို့ လက်ဆွဲအိတ်ကိုကားထဲထည့်လိုက်ပြီး အောင်မျိုးအနားသို့ သွားလိုက်သည်။ အနားကိုရောက်တော့ အောင်မျိုးက ပန်းအိုးထဲမှပန်းပင်များကို မြေပြင်တွင်စိုက်ရန် လုပ်နေပုံပင်။
"အောင်မျိုး "
"ဗျာ ဟုတ်ကဲ့ အစ်ကိုလေး ဘာခိုင်းမလို့လဲ "
"ကောင်းကောင်းကဘယ်သွားလိုက်တာလဲ ခိုင်းစရာရှိလို့ "
"ရေကန်နားက သစ်ရွက်ခြောက်တွေကို ကျွင်းတူးပြီးထည့်ထားတာ အဲ့တာ ဆွေးနေပြီမို့ ပန်းပင်တွေပြောင်းစိုက်ရအောင်ဆိုပြီး သွားသယ်နေတယ် "
တည်တ့ံဘာမှတော့မပြော။ခေါင်းကိုသာ နှစ်ချက်ဆက်ညိတ်လိုက်ပြီး ထိုအနားတွင်သာ ရပ်စောင့်နေလိုက်သည်။ တော်ရုံနှင့်ပေါ်မလာသည်မို့ တည်တ့ံလက်ကောက်ဝတ်ကနာရီကို တစ်ချက်ကြည့်လိုက်သည်။ နာရီကိုကြည့်ပြီး ပြန်မော့လိုက်မှ မြေဆွေးထည့်ထားပုံရသည့် ပုံးအနက်ကို မ,လာသည့် ကောင်းကောင်းက ချွေးတွေပင်ထွက်လို့။
အနားရောက်လာတော့ တည်တ့ံကို တစ်ချက်ကြည့်လာသည်။သူကြည့်တာကိုပဲ ကိုယ်ကကျေးဇူးတင်ရတော့မလိုနှင့်။
"ကောင်းကောင်း ခဏနေ10နာရီလောက်ကျရင် ကျောင်းကအဆောင်ကိုသွားလိုက်အုံး ။ခခအတွက် ထည့်ပေးလိုက်တဲ့ပစ္စည်းတွေ သွားပို့ပေးအုံး ကိုယ်မအားလို့ရမလား"
"ကျွန်တော်က အလုပ်သမားလေ မေးစရာမလိုဘူး"
"ကျစ်!! အဲ့စကားကို ဖွားဖွားရှေ့မှာမပြောမိစေနဲ့ ကိုယ့်နားကိုယ်သနားရင်ပေါ့ ကိုယ်သွားပြီ တစ်ယောက်ထဲပျင်းရင် အောင်မျိုးကိုပါ ခေါ်သွား "
YOU ARE READING
ခြေကျင်းဝတ်ထက် ခြွေတဲ့အနမ်းတစ်စုံ
Fantasyသူ၏ ခြေကျင်းဝတ်ထက်က မှဲ့နက်လေးကိုမှ ချစ်မိပါသည်။