Part 44

2K 284 8
                                    

44 01

အပိုင်း (၄၄)

ချီရှို့က ငါးတစ်ကောင်ကို ကိုင်လျက် စံအိမ်အတွင်းသို့ ဝင်လာသောအခါ မင်ရှန်းနှင့် ယဲ့ရှောင်းယန်တို့က ဆိုဖာပေါ်တွင် ထိုင်ကာ စကားပြောနေကြပြီ ဖြစ်သည်။ ချီရှို့ကလည်း ယဲ့ရှောင်းယန်က လက်ထဲတွင် စာချုပ်မိတ္တူတစ်ခု ကိုင်ထားသည်ကို မြင်သောအခါ မင်ရှန်းကို လှည့်ကြည့်ကာ မေးလိုက်သည်။

"ဆရာ အားလုံးအဆင်ပြေသွားပြီလား"

မင်ရှန်းက ဖျော့တော့စွာ ပြုံးပြီး မတ်တပ်ထရပ်သည်။

"အင်း ငါ ငါ့ရဲ့အိမ်တော်ထိန်းကို ညစာ ပြင်ခိုင်းလိုက်ဦးမယ်၊ မင်းတို့တွေ ဒီနေရာမှာနေပြီး စားသွားကြ"

သူက ချီရှို့ဆီမှ ငါးထည့်ထားသည့် ပုံးကို ယူလိုက်ပြီး အတွင်းတွင် ခုန်နေသည့် ငါးကိုကြည့်ကာ ပြောသည်။

"မင်းတကယ်ပဲ ဖမ်းနိုင်ခဲ့တာပဲ"

"တစ်ကောင်တည်းပါ"

ချီရှို့က ပြောသည်။

"အကောင်ကြီးပြီး ဝဖီးနေတာ"

မင်ရှန်းက အဓိပ္ပါယ်အပြည့်ဖြင့် ပြောသည်။

"တစ်ကောင်က လုံလောက်တယ်"

ယဲ့ရှောင်းယန်ကလည်း မင်ရှန်း၏ စကားလုံးများက အဓိပ္ပါယ်နက်ရှိုင်းသလို ခံစားလိုက်ရသည်။ ချီရှို့က ထျန်းဟွမ်အတွက် သယ်ဆောင်လာပေးသည့် ယဲ့ရှောင်းယန် ကိုယ်တိုင်က ငါးဖြစ်သွားသလို ခံစားလိုက်ရသည်။

ခေါင်းဆောင်မင်က လှည့်ထွက်သွားပြီးနောက် ချီရှို့က ယဲ့ရှေုာင်းယန်၏အနားသို့ လာသည်။

"လမ်းလျှောက်ကြရအောင်"

ယဲ့ရှောင်းယန်က သူ့နောက်မှလိုက်ကာ အနီးနားရှိ ရေကန်နားသို့ ထွက်လာသည်။

ယခုက ကြယ်မြို့တွင် ဆောင်းဦးအစပိုင်းကာလဖြစ်သည်။ အပူချိန်က အနည်းငယ် နွေးနေသေးသည်။ ရေကန်က ကြီးပြီး ရေက သလင်းသားရောင်ကြည်လင်နေသေးသည်။ တစ်ဘက်ခြမ်းစီတွင် အပင်များကလည်း အပြည့်ရှိနေသည်။ ထို့ကြောင့် လေပြေက တိုက်ခတ်သွားသောအခါ လူတိုင်း၏ နှလုံးသားအတွင်း လန်းဆန်းသော ခံစားချက်မျိုးက ရောက်လာသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now