Part 110

1.1K 148 3
                                    


အပိုင်း (110)

ကျောင်းရှင်းအန်းနှင့် စင်းတို့ကလည်း ထိုအသင်းထဲသို့ ကျပန်းအနေအထားမျိုးဖြင့် ဝင်လာခဲ့ခြင်း ​ဖြစ်သည်။ သူတို့က matchပွဲပြီးနောက် စနစ်က အလိုအလျောက်ပင် သူတို့ကို ဖယ်ပေးလိုက်သည်။ သို့သော် ချီရှို့၊ ယဲ့ရှောင်းယန်နှင့် ရှဲ့ဝေ့ယွီတို့ကမူ အတွင်းတွင် ရှိနေကြသေးသည်။

ယဲ့ရှောင်းယန်က ချီးကျူးနေချိန်တွင် ပြုံးနေသည်။

"ရှောင်ယွီက တော်လိုက်တာ၊ ဒီအခြေစိုက်စခန်းထဲမှာတောင် 3killsနဲ့ mvp ယူလိုက်တယ်"

ဒီပွဲစဥ်တွင် ရှဲ့ဝေ့ယွီ၏ damage outputက ၄၀%ကျော်သွားသည်။ သူက6kills ယူလိုက်နိုင်၏။ ထို့အပြင် 0- ဖြစ်သည်။ 3ကြိမ်လည်း ထောက်ပံ့ပေးခဲ့သည်။ ထို့ကြောင့် သူ၏ maskmanက အလွန်လှသွားသည်။

တည်ငြိမ်စွာ အဆင့်တက်လာနိုင်ခဲ့သော maskmanတစ်ယောက်က အသင်းလိုက်တိုက်ပွဲအတွင်း ရှင်သန်နိုင်ခဲ့သမျှ သူတို့၏ damage outputကလည်း ဆက်တိုက်ဆိုသလို သဘောကျစရာ ကောင်းလာပေလိမ့်မည်။ တစ်ခါတရံတွင် သူတို့ကလည်း အခြေအနေကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြောင်းပြန်လှန်နိုင်သေးသည်။

ထိုအတွက်ကြောင့်လည်း ယဲ့ရှောင်းယန်က ယွဲ့ယင်ကို ရင်ဆိုင်ရသည့် ပွဲစဥ်အတောအတွင်း မသေခင် ရှဲ့ဝေ့ယွီကို ရအောင် သတ်နိုင်ရန် ကြိုစားခဲ့ခြင်း ဖြစ်သည်။

ရှဲ့ဝေ့ယွီကလည်း ယဲ့ရှောင်းယန်က သူ့ကို ချီးကျူးနေကြောင်း ကြားသောအခါ နှိမ့်ချစွာဖြင့် အလျင်စလို ပြောသည်။

"မင်းက ငါ့ကို ထောက်ပံ့ပြီး ကောင်းကောင်းကာကွယ်ပေးခဲ့လို့ပါ၊ မဟုတ်ရင် ငါ တစ်ဖက်သူတွေသတ်တာကို ၇ကြိမ်၈ကြိမ်လောက် ခံခဲ့ရလောက်ပြီးပြီ"

ယဲ့ရှောင်းယန်က ပြန်ဖြေသည်။

"အဲဒီလို ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့၊ မင်းရဲ့ လျင်မြန်တဲ့ လှုပ်ရှားနိုင်စွမ်းအားနဲ့ နေရာယူတဲ့ ပုံစံကလည်း အံ့အားသင့်စရာ ကောင်းနေတာပဲ၊ မင်းက flash skillကိုသုံးပြီး ရန်သူရဲ့ skillကို ရှောင်တာကလည်း တအားတော်တယ်"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now