Part 124

841 124 4
                                    


အပိုင်း (၁၂၄)

ယဲ့ရှောင်းယန်က ယခင် အမှတ်အသား ပြုသော အချိန်ကာလ အတောအတွင်း မည်သည့် စိတ်ပိုင်းဆိုင်ရာ အကာအကွယ်မျှ မရှိခဲ့ချေ။ ဒီအတိုင်း ကိုက်ရုံသာ ဖြစ်ကတည်းက သူက ဒီအတိုင်း လက်ခံလိုက်နိုင်လေသည်။ ကိုက်နေသည့် အတောအတွင်း အတော်လေး သက်တောင့်သက်သာ ရှိသည်ဟုပင် တွေးမိသေးကာ ပြီးသွားသည့်နောက် ချီရှို့ကိုပင် ပြုံးကာ ကျေးဇူးတင်လိုက်သေးလေသည်။

သို့သော် ယခုမူ ချီရှို့က သူ၏ လည်ဂုတ်နားသို့ နီးကပ်လာသည့် အချိန်တိုင်း လူနှစ်ယောက်က အချင်းချင်း ကူညီကာ jerk off လုပ်ပေးနေသော မြင်ကွင်းက သူ၏ စိတ်ထဲတွင် အလိုလျောက် ပေါ်ပေါ်လာတတ်သည်။ ယဲ့ရှောင်းယန်က တစ်ကိုယ်လုံး ရှက်ရွံ့ကာ နီရဲသွားရရုံမကသေးပေပဲ ခန္ဓာကိုယ်ကပင် အနည်းငယ် တောင့်တင်းသွားသေးသည်။

ချီရှို့ကလည်း သူက ထိတ်လန့်နေကြောင်း သိလိုက်၏။ ထို့ကြောင့် ပုခုံးကို ညင်သာစွာ ဖိချလာပြီးနောက် အသာတိုးတိုး နှစ်သိမ့်ပေးသည်။

"မစိုးရိမ်နဲ့ ငါ မင်းကို နှစ်ကြိမ်တောင် အမှတ်အသား ပေးပြီးပြီ မဟုတ်လား။ မနာကျင်စေရပါဘူး"

ယဲ့ရှောင်းယန် ".."

ညီအစ်ကို မြန်မြန်လေး စကားပြောတာကို ရပ်လိုက်စမ်းပါ။ မင်း ပြောလေလေ အခြေအနေက ပိုပြီး ရှက်ဖို့ ကောင်းလာလေလေပဲ။

အရင်ဆုံး ရပ်လိုက်ပြီး မနက်ဖြန်မှ သူ့ကို အမှတ်အသားလုပ်ဖို့ ချီရှို့ကို ပြောလိုက်သင့်လား။

ဒီလိုဆိုရင် ပိုပြီးတော့ ကြောင်တောင်တောင် ဖြစ်သွားလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြှားက လေးကြိုးပေါ် တင်ပြီးပြီ။ ရွေးချယ်စရာ မရှိတော့ပဲ ပစ်ရတော့မယ်။ သူက ဒီလိုအချိန်မှာ နောက်တွန့်သွားမှ ပိုပြီး ရှက်စရာကောင်းမှာ။

ယဲ့ရှောင်းယန်က အသက်ပြင်းပြင်း ရှူကာ တွေးလိုက်သည်။

ဒီသခင်လေးက အရာအားလုံးကို လက်လျော့ပေးထားတယ်။ ဒီတော့ မြန်မြန်လေးသာ လုပ်လိုက်တော့။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now