အပိုင်း (127)
အချိန်က အလွန်လျင်မြန်စွာ ကုန်လွန်သွားသည်။ မျက်တောင်တစ်ခတ်အချိန်အတွင်း မေ၏ ဒုတိယအပတ်သို့ ရောက်သွားပြီဖြစ်သည်။ စစ်နတ်ဘုရားများ စစ်ပွဲpro leagueမှ ပုံမှန်ပွဲစဥ်များ၏ တတိယတစ်သုတ်က စတင်မည်ဖြစ်သည်။
ဒီတစ်ကြိမ်ပွဲစဥ်အတွက် ကမ်းရိုးတန်းမြို့တွင် ရှိသည့် ခန်းမတွင် ဝင်ရောက်ယှဥ်ပြိုင်ကြရမည်ဖြစ်သည်။ ထျန်းဟွမ်၏ အဖွဲ့တိုင်းက သောကြာနေ့မနက်ကတည်းက ထိုနေရာသို့ ပျံသန်းသွားလိုက်ကြသည်။ ဟော်တယ်တွင် check inဝင်ပြီးနောက် သူတို့က ကျင်းကျယ်၏ အဖွဲ့သားများနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံသည်။
ဖန်းကျန်းချင်က အရှေ့သို့ အရင်ဆုံးထွက်လာပြီး ချီရှို့ကို အပြုံးနှင့် နှုတ်ဆက်သည်။
"ဘယ်လိုတောင် တိုက်ဆိုင်တာလဲ"
ချီရှို့ကလည်း လက်ထဲမှ ခရီးဆောင်အိတ်ကို တစ်ချက်ကြည့်ပြီး မေးသည်။
"မင်းက အခုမှ ရောက်တာလား"
ဖန်းကျန်းချင်က ခေါင်းညိတ်သည်။
"အင်း ငါတို့မနက်ပိုင်း flightစီးခဲ့တာ"
နှစ်သင်းလုံးမှ နည်းပြများကလည်း အချင်းချင်း လက်ဆွဲနှုတ်ဆက်လျက် စကားပြောနေကြသည်။ နည်းပြလင်းက ပြုံးလျက် မှတ်ချက်ချသည်။
"အဘိုးကြီးချန်း မင်းတို့မနက်ဖြန် ဘာcombo သုံးမှာလဲ"
နည်းပြချန်းက အပြုံးတုနှင့် ပြောသည်။
"မင်းရဲ့ ခေါင်းဆောင်ချီကို မေးရင် သိမှာပေါ့၊ သူက ခန့်မှန်းနိုင်လောက်တယ်"
ချီရှို့...
"....."
သူက မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့လျှင် ထူးဆန်းနေပေလိမ့်မည်။ နည်းပြတိုင်းကလည်း သူ့ကို ခန့်မှန်းခိုင်းခဲ့ပြီး ပြောင်းပြန်မှတ်ယူကြလေသည်။ နည်းပြချန်းက ယဲ့ရှောင်းယန်ကို ကြည့်ကာ နောက်သည်။
"လဲ့ယန် မင်း မနက်ဖြန် ကံကြမ္မာနတ်ဘုရားမကို ရွေးမှာတော့ မဟုတ်ပါဘူးနော်၊ ဒါက ကံကြမ္မာပဲ၊ ငြင်းဆန်ဖို့ မကြိုးစားနဲ့ဆိုတာလေ"
YOU ARE READING
ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး
Romanceဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်းတွေနဲ့ ရုန်းရကန်ရ.. မသိနားမလည်ခြင်းတွေကြောင့် အံ့ဩရ မှင်တက်ရ ရယ်မောရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ Esp...