အပိုင်း (143)
" ထျန်းဟွမ်က ဒီနေ့ပွဲစဥ်အတွက် 2-0နဲ့ နိုင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်"
"ဒီနေ့ရဲ့ ၂ပွဲလုံးမှာ ထျန်းဟွမ်ရဲ့ အရှိန်နှုန်းက တော်တော်လေးကို အင်အားကြီးတယ်၊ ပထမဂိမ်းပွဲမှာ နှစ်ယောက်တွဲ ပျံသန်းတဲ့ comboက ရန်သူကို ချက်ချင်း သတ်နိုင်ခဲ့တဲ့အတွက်ကြောင့် ပင်းဟွန်းရဲ့ maskmanတောင်မှ ပြန်လည်တိုက်ခိုက်နိုင်စွမ်းအား မရှိခဲ့ဘူး၊ ဒုတိယတစ်ပွဲမှာတော့ ဆုကြေးတင်မှော်ဆရာက midlaner အသူရာအရှင်သခင်နောက်က ကပ်လိုက်ခဲ့ပြီး midlanerကို ဝစေခဲ့တယ်၊ ဒီလိုနဲ့ midlanerက အရှိန်နှုန်း စချနိုင်ခဲ့တာပဲ၊ သက်ရောက်မှုက တော်တော်လေး ကောင်းတယ်"
"ထျန်းဟွမ်ရဲ့ တွေးပုံတွေးနည်းက တအား ရှင်းလင်းလာတာပဲ၊ သူတို့က ဂိမ်းအစောပိုင်းမှာ မင်းနဲ့အတူ တိုက်ခိုက်လိမ့်မယ်၊ ဂိမ်းနှောင်းပိုင်းအထိ မဆွဲသွားတော့ဘူး"
"ပင်းဟွန်းက ဂိမ်းနှောင်းပိုင်းမှာ တအားအင်အားကြီးတာ၊ ဒါပေမဲ့ သူတို့က အစောပိုင်းဂိမ်းမှာ မထိန်းထားနိုင်ဘူး၊ ဒီအသင်းအတွက် ဒီနေ့လို အနေအထားမျိုးကို ရင်ဆိုင်ရတဲ့အခါ မလွယ်ကူခဲ့ပါဘူး၊ ငါလည်း နောက်ပိုင်း ဂိမ်းပွဲတွေမှာ သူတို့ရဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဖျော်ဖြေမှုတွေကို မျှော်လင့်စောင့်စား နေပါ့မယ်"
အသံလုံခန်းထဲတွင် ယဲ့ရှောင်းယန်နှင့် ချီရှို့တို့က မဖက်ကြသေးချေ။ သူကလည်း စိတ်ထဲတွင် အကွာအဝေးခြားနေရမည်ဆိုသော အခြေအနေကို ထွင်းထုထားလေသည်။
သူက မကြာခဏဆိုသလို ဂိမ်းပွဲအတောတွင်း အိုမီဂါဆိုသည့် အခြေအနေကို မေ့သွားတတ်သော်လည်း ဂိမ်းပွဲပြီးနောက် cp super chat sectionမှ ပွေ့ဖက်ခြင်း collectionအကြောင်း တွေးမိချိန်တိုင်းလိုလို သူ၏ လက်သည်းကို ချီရှို့ဖက် မဆန့်အောင် အတတ်နိုင်ဆုံး ထိန်းနေရလေသည်။
သူကလည်း ဒီနေ့ ကစားရာတွင် အများကြီး ပျော်ရွှင်ခဲ့ရသည်။ သို့သော် ယဲ့ရှောင်းယန်က အကျိုးအကြောင်း စဥ်းစားနိုင်စိတ်အပြည့်နှင့်အတူ ချီရှို့ကို ပြေးဖက်ချင်သည့် စိတ်ကို ထိန်းချုပ်လိုက်နိုင်ခဲ့သည်။
YOU ARE READING
ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး
Romanceဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်းတွေနဲ့ ရုန်းရကန်ရ.. မသိနားမလည်ခြင်းတွေကြောင့် အံ့ဩရ မှင်တက်ရ ရယ်မောရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ Esp...