အပိုင်း (135)
သူတို့က အခြေစိုက်စခန်းသို့ ပြန်သွားသည့် ညတွင် နည်းပြလင်းက အားလုံးကို နောက်တစ်ပတ်တွင် ရင်ဆိုင်ရမည့် ပြိုင်ဘက်များအကြောင်း ခွဲခြမ်းစိတ်ဖြာရန် အစည်းအဝေး ခေါ်သည်။
ဟော်ဝမ်က ကျင်းကျယ်နှင့် ထျန်းဟွမ်ကဲ့သို့ သမိုင်းမှတ်တမ်း မကြာရှည်သေးသော်လည်း သူတို့က စတင်တည်ထောင်ပြီးကတည်းက ရှုံးထွက်ပွဲစဥ်တစ်ပွဲမှ မလွတ်ခဲ့ဖူးချေ။ သူတို့က တည်ငြိမ်သော ရလဒ်ကို ပိုင်ဆိုင်ထားသည့် အသင်းဖြစ်သည်။ ကျိုးကျားဝန်ကို ထပ်ထည့်လိုက်ခြင်းဖြင့် အသင်း၏ အင်အားက နောက်တစ်ဆင့်သို့ တက်သွားခဲ့သည်။
နည်းပြလင်းက ပြောသည်။
"ဟော်ဝမ်အသင်းရဲ့ အဓိက အမြုတေက ခေါင်းဆောင်ကျိုးပဲ ၊ သူမဝင်ခင်ကဆိုရင် အသင်းက junglerကို အဓိကထားတဲ့ line upမျိုးပဲ ရှိနေခဲ့တာ၊ ဒါကြောင့် သူတို့ရဲ့ junglerကလည်း အင်အားကြီးပြီးသား"
ချန်းရှင်းက ထိုစကားကို ကြားသောအခါ ပြောလိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော် နိုင်ငံတကာ ဆာဗာပေါ်မှာ ချွီကောနဲ့ ကစားတဲ့အချိန်မှာ အားယန်ကြောင့် အကြိမ်အများကြီး အသတ်ခံခဲ့ရဖူးတယိ"
ယဲ့ရှောင်းယန်က ထိုနာမည်အကြောင်း တွေးလိုက်မိသည်-ယန်ယန်ဆိုတာက ဟော်ဝမ်အသင်းရဲ့ junglerပဲ၊ သူက ပုံမှန်အားဖြင့် တိုင်းပြည်ရဲ့ ဆာဗာက heroတွေကို လေ့ကျင့်ရတာကို သဘောကျတယ်၊ သူ့ရဲ့ ဓားချက်အောက်မှာ သေသွားခဲ့တဲ့ maskmanတွေက ဒီတိုင်းပြည်အတွင်းမှာတင် အများကြီးပဲ။
ကျိုးကျားဝယ်က ဟော်ဝမ်အသင်းကို မဝင်ခင်က အားယန်က အသင်း၏ အဓိက အမြုတေဖြစ်ခဲ့သည်။ သို့ရာတွင် ကျိုးကျားဝမ်၏ အင်အားက နိုင်ငံတကာအဆင့် ဖြစ်သည်။ သူက ချောသည်။ သူ၏ ကြည့်ကောင်းကာ ကျော့ရှင်းသည့် စိတ်နေသဘောထားက ပရိသတ်အများကြီး ဆွဲဆောင်နိုင်ခဲ့၏။ သိပ်မကြာခင် သူက ယခင် ကစားသမားဟောင်း အားယန်ကို လွှမ်းမိုးသွားနိုင်၏။ နောက်ပိုင်းတွင် ဟော်ဝမ်အကြောင်း ထည့်ပြောချိန်တိုင်းပထမဦးဆုံး တွေးမိသောလူက ခေါင်းဆောင်ကျိုးဖြစ်သွားသည်။
YOU ARE READING
ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး
Romanceဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်းတွေနဲ့ ရုန်းရကန်ရ.. မသိနားမလည်ခြင်းတွေကြောင့် အံ့ဩရ မှင်တက်ရ ရယ်မောရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ Esp...