Part 120

948 135 5
                                    


အပိုင်း (120)

ပိတ်ရက်မှ ဂိမ်းပွဲများက အဆုံးသတ်သွားပြီးနောက် ရှောင်းယွေ့က ယဲ့ရှောင်းယန်ကို စာပို့လာသည်...

[ကော ကျွန်တော် စင်နောက်ဘက်ကိုလာပြီး ကောကိုရှာလို့ ရလား ]

ကြယ်မြို့၏ e sport စင်တာက သူ၏ အိမ်နှင့် ၃မှတ်တိုင်သာလျှင် ဝေးသည်။ ရှောင်းယွေ့ကလည်း ပွဲသို့လာကြည့်ခဲ့၏။ ယဲ့ရှောင်းယန်ကလည်း သူဒီနေရာတွင် ရောက်နေကြောင်း စာရိုက်လိုက်သည်နှင့် ချက်ချင်းဆိုသလို ပြန်လိုက်သည်...

[ရတယ်လေ စင်ဘေးဘက်က အကွယ်တံခါးနားကို လာခဲ့၊ ငါဖွင့်ပေးမယ်]

တစ်ခဏခန့်ကြာပြီးနောက် ရှောင်းယွေ့က တံခါးနားသို့ ရောက်လာသည်။ ယဲ့ရှောင်းယန်က သူ့အတွက် တံခါးသွားဖွင့်ပေးကာ ဝင်ခိုင်းလိုက်သည်။

ရှောင်းယွေ့က စိတ်လှုပ်ရှားစွာဖြင့် ယဲ့ရှောင်းယန်ကို ခပ်တင်းတင်းဖက်သည်။

"ကော ကောက တအား တော်တာပဲ၊ ကော group s ထဲကို တကယ်ဝင်သွားတယ်"

ယဲ့ရှောင်းယန်က ညီဖြစ်သူ၏ ခေါင်းကို အသာပွတ်သည်။

"မတွေ့ရတာ ကြာပြီ မင်းအရပ်ပိုရှည်လာသလိုပဲ"

ရှောင်းယွေ့၏ မျက်ဝန်းများက လခြမ်းကွေးသဖွယ်ဖြစ်သွားသည်။

"ကျွန်တော် ၃စင်တီမီတာတောင် ရှည်လာတာ"

ချီရှို့က သူတို့ရှိသော နေရာသို့ လာပြီးနောက် ကြင်နာစွာဖြင့် နှုတ်ဆက်သည်။

"ရှောင်းယွေ့ မင်းလာတာလား"

ချင်ယွေ့က ယဲ့ရှောင်းယန်ကို လွှတ်ပေးလိုက်ပြီးနောက် ယဥ်ကျေးစွာ နှုတ်ဆက်သည်။

"ဟယ်လို ခေါင်းဆောင်ချီ"

သူက သေသပ်စွာ ထုတ်ပိုးထားသော ဘူးတစ်ခုကို ထုတ်ပြီးနောက် ယဲ့ရှောင်းယန်ကို ပေးသည်။

"ကော ကျွန်တော် ကောအတွက် ကိုယ်တိုင် အစာသွပ်မုန့် နည်းနည်းလုပ်လာတယ်၊ ကောပြန်ယူသွားပြီး အဆာပြေစာအဖြစ် စားပေါ့"

ချင်ယွေ့က ပြောသည်။

ယဲ့ရှောင်းယန်က ခံစားသွားရသည်။ သူက ဘူးကိုယူ၏။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now