Part 141

605 78 2
                                    


အပိုင်း (141)

ထျန်းဟွမ်နှင့် ပင်းဟွန်းတို့ကသာ group sဘက်မှ စနေနေ့ညတွင် ယှဥ်ပြိုင်မည့် ပြိုင်ပွဲရှိလေသည်။ အခြားသော အသင်း၄သင်းကမူ တနင်္ဂနွေနေ့မှသာ အချိန်ဇယား ရှိနေ၏။ ထို့ကြောင့် စင်နောက်ဘက်ခြမ်းတွင် အခြားသော အသင်းများကို မမြင်ရချေ။ တစ်ချိန်တည်းတွင်ပင် ခန်းမအနီးနားတွင်ရှိသော ဟော်တယ်တစ်ခုအတွင်းတွင် ပင့်မူ၊ ကျင်းကျယ်နှင့် အခြားသောအသင်းအဖွဲ့ဝင်များအားလုံးက တိုက်ရိုက်ထုတ်လွှင့်မှုကို အခန်းတွင်းမှ စောင့်ကြည့်နေကြမည်ဖြစ်သည်။ ထို့အပြင် အမျိုးမျိုးသော gaming ပလတ်ဖောင်းများမှ စောင့်ကြည့်နေမည့် steramerအများကြီးလည်း ရှိနေသေးသည်။

သူတို့ထဲတွင် ဝေလငါး ပလတ်ဖောင်းမှ နံပါတ်တစ် streamer ရှောင်းဝေ့လည်း ပါသည်။

ရှောင်းဝေ့နှင့်မူမူတို့က ယဲ့ရှောင်းယန်နှင့် လူသစ်ဘဝကာလတွင်ကတည်းက သိခဲ့ကြခြင်းဖြစ်သည်။ ရှောင်ပိုင်သည် esport ကစားသမား ဖြစ်လာပြီးချိန်ကတည်းက ရှောင်းဝေ့ဟာ ထျန်းဟွမ်၏ ပွဲစဥ်တိုင်းကို လိုက်ပါကြည့်ရှုဖြစ်ခဲ့သည်။ သူကလည်း ဒီနေ့ အားနေခဲ့သဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို စဖွင့်လိုက်ပြီး တစ်ချိန်တည်းတွင်ပင် comment များ မန့်နေခဲ့ခြင်း ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု မန့်တွင်လည်း comment ပေါင်းများစွာပေါ်လာသည်။

/ နင်က ရှောင်ပိုင်နဲ့ ရင်းနှီးတာလား၊ ဒီနေ့ ထင်မြင်သုံးသပ်ချက်ပေးသူတစ်ယောက်က ရှောင်ပိုင်ကို ချီးကျူးတော့မှာပေါ့/

/ အရင်က မူကျဲကလည်း ကြယ်မြို့က ပွဲစဥ်ကို သွားရောက်ပြီး ထင်မြင်သုံးသပ်ချက် ပေးရတဲ့အခါ ရှောင်ပိုင်ကို ဆက်တိုက် ချီးကျူးနေခဲ့တာ၊ ငါတောင်မှ သူ့အစား ရှက်မိတယ်/

/ ရှောင်ပိုင်က ကောင်းကောင်း ကစားနိုင်တာပဲလေ၊ မချီးကျူးလို့ ဘာလုပ်ရမှာလဲ/

/ လူတိုင်းက သူ့ကို ကမ္ဘာ့အဆင့် midlanerလို့ ပြောနေကြတယ်၊ ပရိသတ်တွေက ချဲ့ကားလွန်းနေတာ မဟုတ်ဘူးလား/

/ လဲ့ယန်ရဲ့ ပရိသတ်တွေက တကယ်ကို အရှက်မရှိတာပဲ၊ သူတို့က နေနဲ့လအတွဲက ကိုရီးယားဘက်က ချွဲပတ်အသင်းကို နိုင်နိုင်တယ်လို့တောင် ချဲ့ကားနေကြသေးတယ်/

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now